ဒီအဖြစ်အပျက်လေးကတော့ ဘရားဇီးနိုင်ငံမှာ ယခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒီကိစ္စရပ်များပေါ်မှာ ဆန္ဒပြမှုတွေလည်းရှိနေပါတယ်။ဘရာဇီးလ် တရားရုံးတစ်ခုက လိင်တူတိမ်းညွှတ်မှုဟာ ရောဂါတစ်ခုသာ ဖြစ်တဲ့အတွက် လိင်ပြောင်းကုထုံးဖြင့် ပြန်လည်ကုသရန် ဆုံးဖြတ်ချက် ချလိုက်တာကြောင့် နိုင်ငံအဝန်း ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ ပါတယ်။ 

ဘရာဇီးလ်နိုင်ငံအတွင်း ကျော်ကြားတဲ့ ပေါ့အဆိုတော်တစ်ဦးဖြစ်တဲ့ Ivete Sangalo က အင်စတာဂရမ်မှတစ်ဆင့် မိန်းမလျာစိတ်ကို ရောဂါအဖြစ် သတ်မှတ်ခြင်းနဲ့ မိန်းမလျာမှ ယောကျာ်းဘဝ ပြန်လည်ကူးပြောင်းရေး ကုထုံးကို ယုံကြည်နေသူများကို ရူးသွပ်နေသူများအဖြစ် စွပ်စွဲခဲ့ပါတယ်။

ဘရာဇီးလ် ဖက်ဒရယ်စိတ်ပညာကောင်စ.ီရဲ့ ဥက္ကဌဖြစ်တဲ့ Rogerio Giannini က မိန်းမလျာဖြစ်ခြင်းဟာ ရောဂါမဟုတ်တဲ့အတွက် ကုလို့မရ ကြောင်း၊ ဒါဟာ ပညာရပ်ပိုင်းဆိုင်ရာ အငြင်းပွားရမှာမဟုတ်ဘဲ၊ ဘာသာရေးနဲ့ ရှေးရိုးစွဲအယူအဆပိုင်းဆိုင်ရာ ရပ်တည်ချက်များမှ ပေါ်ထွက်လာတဲ့ ပြဿနာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ်-Thomas

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။