ယမန့်နေ့ညက ကာရာဘောင်းလိဂ်ဖလား အဆင့်သုံးပွဲစဉ်များကို ကစားခဲ့ကြပါတယ်။ ယမန်နေ့က ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်များမှာ မန်ချက်စတာယူနိုင်တက်က ဘာတန်အသင်းနှင့် တွေ့ဆုံခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ လက်ရှိ လိဂ်ဖလားချန်ပီယံပါ။ မန်ချက်စတာယူနိင်တက်ကတော့ အဓိကကစားသမားအချို့ကို အနားပေးခဲ့ပါတယ်။ မာရှယ်၊ လင်ဂတ်နှင့် ရက်ဖို့တို့နှင့်တိုက်စစ်ဆင်ခဲ့ပါတယ်။ 

မန်ချက်စတာယူနို်င်တက်ကတော့ ပွဲစတယ်ဆု်ိတာနှင့် တိုက်စစ်ဖွင့်ကစားခဲ့ပါတယ် ။ ပွဲကစားချိန် ၅မိနစ်မှာ ရက်ဖို့က ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန် ၁၇မိနစ်မှာ ရက်ဖို့က ထပ်မံ၍ နောက်ထပ်တစ်ဂိုးသွင်းခဲ့ပါတယ်။ ၃၆မိနစ်မှာ လင်ဂတ်က တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် ၆၀မိနစ်မှာ မာရှယ်က နောက်ဆုံးဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဘာတန်အတွက် တစ်ဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀မှာတော့ ဒိုင်ယာက သွင်းပေးခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာယူနိုင်တက်က ၄-၁ဂိုးရလဒ်ဖြင့် နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။ 

ပွဲပြီးမှာ မော်ရင်ဟိုက “အန်တိုနီ မာရှယ် ဟာ တစ်ခုခု ကို စွမ်းဆောင်ပြချင်နေခဲ့တာပါ ။ ဒီညမှာ တကယ် အံ့သြဖွယ်ရာအချို့ကို သူ လုပ်ပြနိုင်ခဲ့ပါတယ် ။ သိပ်မကောင်းတဲ့အရာအချို့လည်း ရှိခဲ့ပါတယ် ။ ဒါပေမယ့် သူကတော့ အမြဲတမ်း ကြိုးစား အားထုတ်ပြီး လုပ်ဆောင်ဖို့ အားခဲနေဆဲပါပဲ ။ ကွင်းထဲမှာလည်း အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နဲ့ ကစားနိုင်ပါ တယ် ။ ဒါက ဘောလုံးသမားတစ်ယောက်အတွက် အရမ်းကိုအရေးကြီးတဲ့ အရာပါ” လို့ ပြောကြားခဲ့ပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။