ယမန့်နေ့ညက ကာရာဘောင်းလိဂ်ဖလား အဆင့်သုံးပွဲစဉ်များကို ကစားခဲ့ကြပါတယ်။ ယမန်နေ့က ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်များမှာ မန်ချက်စတာယူနိုင်တက်က ဘာတန်အသင်းနှင့် တွေ့ဆုံခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ လက်ရှိ လိဂ်ဖလားချန်ပီယံပါ။ မန်ချက်စတာယူနိင်တက်ကတော့ အဓိကကစားသမားအချို့ကို အနားပေးခဲ့ပါတယ်။ မာရှယ်၊ လင်ဂတ်နှင့် ရက်ဖို့တို့နှင့်တိုက်စစ်ဆင်ခဲ့ပါတယ်။ 

မန်ချက်စတာယူနို်င်တက်ကတော့ ပွဲစတယ်ဆု်ိတာနှင့် တိုက်စစ်ဖွင့်ကစားခဲ့ပါတယ် ။ ပွဲကစားချိန် ၅မိနစ်မှာ ရက်ဖို့က ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန် ၁၇မိနစ်မှာ ရက်ဖို့က ထပ်မံ၍ နောက်ထပ်တစ်ဂိုးသွင်းခဲ့ပါတယ်။ ၃၆မိနစ်မှာ လင်ဂတ်က တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် ၆၀မိနစ်မှာ မာရှယ်က နောက်ဆုံးဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဘာတန်အတွက် တစ်ဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀မှာတော့ ဒိုင်ယာက သွင်းပေးခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာယူနိုင်တက်က ၄-၁ဂိုးရလဒ်ဖြင့် နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။ 

ဖီးလ်နဗီးကမန်ချက်စတာယူနိုက်တက်တိုက်စစ်မှုးမားကပ်ရပ်ရှ်ဖို့ဒ်ဟာ ပီအက်ဂျီကြယ်ပွင့်ကိုင်လီယန်အမ်ဘက်ပီနဲ့ ဘာစီလိုနာရဲ့စျေးအကြီးဆုံးကစားသမားအူစမာနီဒမ်ဘီလီတို့နဲ့တစ်တန်းတည်းသတ်မှတ်ထားရမယ့်ကစားသမားဖြစ်တယ်လို့ပြောလိုက်ပါတယ်။ နဗီးက “လူတိုင်းဒမ်ဘီလီ အမ်ဘက်ပီတို့ကိုချီးကျူးနေကြပေမယ့်ဒီနိုင်ငံမှာတော့ရပ်ရှ်ဖို့ဒ်အကြောင်းကိုသိပ်မပြောကြပါဘူး။ ဘာလို့လဲဆိုတော့သူဟာအင်္ဂလိပ်လူမျိုးဖြစ်ပြီး သူဘယ်တောင်ပံမှာကစားရင်လည်းအိုကေတယ်လောက်ပဲပြောကြပါတယ်။ သူဟာဒမ်ဘီလီအမ်ဘက်ပီတို့လိုပဲအခြားတောင်ပံမှာလည်းကစားနိုင်ပြီးလူတွေကရပ်ရှ်ဖို့ဒ်အနေနဲ့အထောင်တိုက်စစ်မှာကစားရမယ့်လို့ပြောကြပါတယ်။ ဒါပေမယ့်သူဟာထူးချွန်တဲ့သူဖြစ်တာကြောင့်နေရာစုံကစားနိုင်ပါတယ်။ ရပ်ရှိဖို့ဒ်ဟာအမ်ဘက်ပီ ဒမ်ဘီလီတို့လိုပေါင်သန်း ၁၀၀ ၁၅၀ တန်ကစားသမားတွေနဲ့တန်းတူပါပဲ။ အနာဂတ်မှာရပ်ဖို့ဒ်အနေနဲ့သူတို့နှစ်ဦးထက်ကောင်းအောင်လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့သူဟာရာသီတိုင်းတိုးတက်နေလို့ပါပဲ။ အခုသူဂိုးတွေပိုမိုရလာခဲ့ပြီး သူဟာကမ္ဘာ့အဆင့်ကစားသမားဖြစ်လာနိုင်ပါတယ်။” လို့ပြောသွားပါတယ်။

Source - Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။