မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားရှုံးထွက်ပွဲစဉ်မှာ ဝက်ဘရွန်းအသင်းကို မန်စီးတီးအသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို တတ်လှမ်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းရဲ့ အိမ်ကွင်းမာကျောမှုက မန်စီးတီးအသင်းအတွက် အနည်းငယ်အခက်တွေ့စေခဲ့တာတော့ အမှန်ပါပဲ။ဆာနေးဟာ ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဝက်ဘရွန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ရော်ဘတ်ဆင် ကနူး၊ ရိုဒရီဂွက်၊ ကရိုင်ချောဝစ်၊ မော်ရစ်ဆင်၊ ယာကော့ ၊ ဂစ်ဘ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျီဆပ်၊ ဆာနေး၊ ဘာနန်ဒိုဆေးဗာလ်း၊ စတာလင်း၊ ဂန်ဒိုဂမ်၊ ယာယာတိုရေး ၊ ဒီလက်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအနေနဲ့ ဝက်ဘရွန်းအသင်းကို သိသိသာသာ အသာမရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၃ မိနစ်မှာပဲ ဆာနေးက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာတော့ မန်စီးတီးအသင်းဟာ ၁ ဂိုး နဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၇၂ မိနစ်မှာတော့ ယာကော့ ကဝက်ဘရွန်းအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်တို့ခဏတာပျော်ခွင့်ရခဲ့ပြီး ၇၇ မိနစ်မှာ ဆာနေးက မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။