ထမင်းရည်ကတော့ ပရိသတ်တွေသိရှိမယ်ထင်ပါတယ်။ဒါပေမယ့်လည်း ယခုခေတ်မှာဆိုရင်တော့ ထမင်းပေါင်းအိုးတွေအသုံးများလာတော့ ထမင်းရည်ကိုတော့သိပ်မသောက်သုံးကြတော့တာတွေ့ရပါတယ်။ထမင်းရည်ကို တရုတ်လူမျိုးများက ဆံပင်အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် အသားအရေ စိုပြေစေရန်အတွက် ရှေးပဝေသဏီကတည်းပင် အသုံးပြုခဲ့ကြပါတယ်။ 

တကယ်တော့ ထမင်းရည်ဟာ လူတို့အတွက် ကျယ်ပြန့်လှတဲ့ ကျန်းမာရေး အထောက်အကူပေးနိုင်တာကို ယနေ့ခေတ် လူအတော်များများ သိရှိထားကြပါတယ်။ဆန်ဆေးရေကို ဆိုလိုခြင်းမဟုတ်ပါ။ ထမင်းချက်ရာမှ ထွက်လာတဲ့ အဟာရဓာတ်များပါဝင်နေသော ရေဖြစ်ပါတယ်။ အနည်းငယ် နွေးနေတဲ့ အချိန်မှာ သောက်သုံးနိုင်ပြီး အေးသွားချိန်မှာတော့ ဆံပင်ကို ခေါင်းလျှော်သလို အသုံးပြုနိုင်သလို မျက်နှာကိုလဲဆေးကြောနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကတော့ကာယဉာဏ စွမ်းအားများကို မြှင့်တင်ပေးခြင်း။ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးခြင်း။ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း။ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်းနှင့် ကုသပေးနိုင်ခြင်းနှင့်အစာအိမ်၊ အူရောင်ရမ်းနာတို့ကို ကာကွယ်နိုင်ခြင်းတို့ ဖြစ်ကြသည်။အလှပြုပြင်ခြင်းဆိုင်ရာ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ထမင်းရည်နှင့် မျက်နှာသစ်ခြင်းကြောင့် မျက်နှာအသားအရေ နူးညံ့ခြင်း။ဆံပင်အရည်အသွေး ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန် ခေါင်းလျှော်သကဲ့သို့ အသုံးပြုရန်။သဘာဝ အားဆေးကဲ့သို့ အသုံးပြုနိုင်ခြင်း နှင့်ချွေးပေါက်များ ပိတ်ဆို့နေခြင်းကို ဖယ်ရှားပေးစေနိုင်ပါတယ်။ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ..................

သတင်းအရင်းအမြစ်-ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။