ယနေ့ စက်တင်ဘာ(၂၁)ရက်နေ့ဟာ မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့(၂၃)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပါတယ်။ မင်းသမီးချောလေး ခင်ဝင့်ဝါဟာ သူမရဲ့ မွေးနေ့မှာ အလှူဒါန်းများနှင့် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ရှုတင်မှာပဲ မွေးနေ့ကိတ်ခွဲခဲ့ပြီး မွေးနေ့အလှူကိုတော့ သူမရဲ့ မိသားစုနဲ့အတူ သူမရဲ့ ပရိသတ် Fan များနှင့် ဘုရားဖူးပြီး မွေးနေ့ အလှူ ပြုလုပ်ကျင်းပခဲ့ပါတယ်။

မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ကျောင်းရှိသံဃာတော်အပါး(၂၀၀) ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအတွက် ရေချိုးကန် လှူဒါန်းခြင်း၊ ပြင်ဦးလွင်ရှိ သုခမေတ္တာ မိဘမဲ့ကျောင်းမှာ မုန့်များ အချိုရည်များနှင့် အလှူငွေများလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ fb စာမျက်နှာမှာ အခုလိုကျေးဇူးတင် စကားပြောထားပါတယ်။

“ဒီနှစ် မွေးနေ့ မွေးနေ့ဆိုတာထက် ပိုသော နေ့လေးပါ..။ မွေးနေ့ဆုတောင်းပေးကြသူတွေအားလုံးရော Our Beloved Khay မှ Fan လေးတွေကိုရော အားလုံးအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ရှင့်..။ ရရှိသမျှ ကုသိုလ်အားလုံးကို (၇)ရက်သားသမီးနှင့်တကွ အားလုံးတို့အား အမျှပေးပါတယ်..။” လို့ ပြောထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကြေညာများရိုက်ကူးနေပြီး ဟိန်းဝေယံ၊ ဝတ်မှုန်ရွှေရည်တိုု့နှင့်အတူ ပြည်ဦးလွင်မှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ခင်ဝင့်ဝါဟာ အောင်မြင်တဲ့ မော်ဒန်မင်းသမီး သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

Source - ခင်ဝင့်ဝါ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။