ဇီကိုနဲ့အတူTik -Tokကျရှုံးခြင်း


ဇီကိုလို့ထိုင်းပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ကိုင်တီဆက်ဟာ

ထိုင်းပရီးမီးယားလိဂ်ကလပ်Port အသင်းကနေ

အရှံုးတွေနဲ့အတူနုတ်ထွက်သွားခဲ့ပါပြီ။

Tik -Tokဆိုတဲ့နာမည်ကျော်ကစားဟန်

တစ်ခုကိုထိုင်းအသင်းနဲ့အတူတည်ဆောက်နိုင်ခဲ့တဲ့

ကိုင်တီဆတ်ရဲ့ကျရှုံးခန်းဟာနာကျင်စရာတွေ

အပြည့်နဲ့ပါပဲ။သူဟာPort အသင်းကိုမကိုင်တွယ်မီ

ထိုင်းလက်ရွေးစင်အသင်းကိုကိုင်တွယ်ခဲ့သူပါ။



ထိုင်းလက်ရွေးစင်အသင်းကိုကမ္ဘာ့ဖလားအာရှဇုန်

ခြေစစ်ပွဲ နောက်ဆုံးအဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့ပေမယ့်

ရလဒ်မကောင်းခဲ့တာကြောင့်ကိုင်တီဆတ်ကို

ထုတ်ပါယ်ခဲ့တာပါ။ထိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့အကြောင်းပြချက်က

ကိုင်တီဆတ်ရဲ့နည်းစနစ်ဟာအာဆီယံဒေသအတွင်းမှာ

ဗိုလ်ဖြစ်ပေမယ့်ကိုယ့်ထက်မြင့်တဲ့ပြိုင်ဘက်တွေနဲ့တွေ့ရင်

အခြေအနေမလှတာကြောင့်လိုဆိုပါတယ်။



ကိုင်တီဆတ်နေရာမှာအစားထိုးလိုက်သူက

ဂါနာနည်းပြဟောင်းမီလိုဗန်ရာဂျီဗက်ပါ။

သူကတော့ဂါနာကိုကမ္ဘာ့ဖလားမှာရှုံးထွက်အဆင့်

အထိပို့ပေးထားခဲ့သူပါ။နိုင်ငံ့လက်ရွေးစင်အသင်း

ကနေအနားယူပြီးPort FCကိုကိုင်တွယ်ခဲ့ပြီး

ရလဒ်မကောင်းခဲ့တာကြောင့်ကိုင်တီဆတ်နှုတ်ထွက်

ခဲ့တာပါ။ကိုင်တီဆတ်နဲ့အတူTik -Tokလည်းပျောက်ဆုံး

သွားခဲ့ပါပြီ။


Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။