တစ်ချိန်က ကာယအလှမယ်တစ်ဦးအဖြစ် ကျော်ကြားခဲ့ပြီး အနူပညာလောကထဲဝင်ရောက်ဖြစ်ခဲ့သူကတော့ ခွန်းဆင့်နေခြည်ပါပဲ

မိုင်တိုင်(၇၆)ဇာတ်ကားနဲ့လည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်ကို မသိတဲ့သူမရှိသလောက်ပါပဲ

မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေပြည့်စုံနေတဲ့ ခွန်းဆင့်နေခြည် ဟာ သူမရဲ့ အလှအပတွေနဲ့ပတ်သက်ပြီး

ပရိသတ်စိတ်ဝင်စားမှူတွေကို ရရှိထားသူပါ.

လက်တလောမှာတော့ ခွန်းဆင့်တစ်ယောက် ရုပ်ရှင်အတတ်ပညာကို ပြည်ပမှာ သွားရောက်သင်ယူခဲ့တာဖြစ်ပါတယ်

သူမရဲ့ဖခင်ဆုံးမဖူးတဲ့ လေးစားအတုယူဖွယ်စကားတစ်ခွန်းကို လူမှုကွန်ရင်ပေါ် အခုလို မျှဝေခဲ့တာပါ

""ကျွန်မအဖေကကျွန်မငယ်ငယ်ကလေးထဲကဆုံးမပေးခဲ့တဲ့စကားလုံး

ပေါင်းများစွာထဲကမှ မှတ်မိနေတာလေးတစ်ခုကိုရွှေးထုတ်ပြီးပြောပြမယ် အဲ့ဒါက Notorious နဲ့ Famous

Notorious က မကောင်းသတင်းနဲ့ကျော်ဇောတယ်

Famous ကကောင်းသတင်းနဲ့ကျော်ဇောတယ်

ကျော်ဇောတာချင်းတူပေမဲ့ သမီးကဘာနဲ့ကျော်ဇောတာကိုလိုချင်လဲတဲ့ ကဲ ဖြေကြည့်ပေးနော် •••

ဟုတ်ကဲ့ဖေဖေ ကောင်းသတင်းလေးတွေသယ်ဆောင်ပြီး ဘဝမှတ်တိုင်

လေးတွေစိုက်ထူနိုင်အောင် ဖြေးဖြေးမှန်မှန်လေးနဲ့ဘဲ ဘဝကို Famous ဖြစ်ချင်ပါတယ်""

Source& Photo- Khun sint fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။