ဒီနေ့ စက်တင်ဘာ (၂၂) ရက်နေ့ဟာ သရုပ်ဆောင်စိုးပြည့်သဇင်ရဲ့မွေးနေ့ဖြစ်ပါတယ်။သူမဟာ လူတိုင်းချစ်ရတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ပါ။ကလေးတစ်ယောက်လို အပြစ်ကင်းပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့ အများကချီးကျူးကြပါတယ်။

သူမရဲ့မွေးနေ့မှာတော့ သူမရဲ့အမဖြစ်သူ စန္ဒီမြင့်လွင်ကတော့ ဦးဦးဖြားဖြား မွေးနေ့ဆုတောင်းစကားကို သူမရဲ့ဖေ့ဘုတ်မှာ Tag ပြီးတော့ဆုတောင်းပေးထားပါတယ်။စိုးပြည်သဇင်နဲ့စန္ဒီမြင့်လွင့် ညီအမနှစ်ယောက်ဟာ အရမ်းချစ်ကြတဲ့ညီအမနှစ်ယောက်ပါ။အတူသွား အတူစား အမြဲတမ်းတွေ့ရပါတယ်။

သူမဟာ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အနုပညာနဲ့ပက်သက်တဲ့ လုပ်ငန်းတွေကိုလည်းလုပ် အမြဲတမ်းလုပ်နေရတုန်းပါပဲ။ချစ်စရာကောင်းတဲ့ စိုးပြည် ဒီထက်မကအောင်မြင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေလို့ myanmar load အဖွဲ့သားများက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။