ကင်ဂျံုအန်း က “စိတ်ဖောက်ပြန်နေ တဲ့ အမေရိကန် အဘိုးကြီးကို မီးတွေနဲ့ လိမ္မာ ယဉ်ကျေးအောင် ဆုံးမသွားမယ်” လို့ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့မှာ အမေရိကန် သမ္မတ ထရန့်ဟာ မြောက်ကိုရီးယား အပေါ် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ထရန့် အစိုးရအဖွဲ့ အနေနဲ့ မြောက်ကိုရီးယား အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ထောက်ခံမှု ရအောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား နဲ့ ဒုံးကျည်စွမ်းရည်တွေကို မြှင့်တင် ဆောင်ရွက်နေခြင်းကြောင့် အမေရိကန်တာဝန်ရှိသူတွေ အနေနဲ့ အရေးတယူဆောင်ရွက်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ကင်ဂျံုအန်း ကတော့ ထရန့်ရဲ့ပြောဆိုမှု ကို ချက်ချင်းဒေါသတကြီး တုံ့ပြန်ခဲ့ပြီး သမ္မတ ထရန့်ကို “စိတ်ဖောက်ပြန်နေ တဲ့ အမေရိကန် အဘိုးကြီး” လို့ ခေါ်ဆိုလိုက်ပါတယ်။ ထရန့် ရဲ့ ကုလသမဂ္ဂမှာ ပြောဆိုခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး “မကြံုဘူးလောက်အောင် ရိုင်းပြပြီးအခြေအမြစ်မရှိသော မိန့်ခွန်း” အဖြစ်တုံ့ပြန်ခဲ့ပါတယ်။ ကင်ဂျံုအန်းက ဆက်လက်ပြီး “သူ့အနေနဲ့ အမေရိကန်ကို ဘယ်လိုပြင်းပြင်းထန်ထန် တုံ့ပြန်ရမလဲဆိုတာကို စဉ်းစားနေတယ်” လို့ ဆိုပါတယ်။

တောင်ကိုရီးယား သတင်းဌာန ရဲ့ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho က မြောက်ကိုရီးယား အနေနဲ့ ပစိဖိတ် သမုဒ္ဒရာ အတွင်း ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်ဖောက်ခွဲဖို့ ရှိတယ် လို့ နယူးယောက်မှာ ရှိစဉ် ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယား ရဲ့ အမေရိကန် နိုင်ငံ ကို အပြင်းထန်ဆုံး တုံ့ပြန်မှု လည်းဖြစ်ပါတယ်။ သမ္မတ ထရန့် ရဲ့ စီးပွားရေး ပိတ်ဆို့မှု တွေဟာ မြောက်ကိုရီးယား အစိုးရ အပေါ် သက်ရောက်မယ့် အခြေအနေမျိုးတော့ မတွေ့ရသေးပါဘူး။

Source: The Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။