DJ Soda ကို ၁၉၉၀ ခုနှစ်မှာ ဆိုးလ်မြို့ တောင်ကိုရီးယားနိုင်ငံ မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ လူကြိုက်များ အာရှတိုက်မှ အမျိုးသမီး DJ တစ်ယောက်ဖြစ်ပြီး၊ ကမ္ဘာ တစ်ဝှမ်းအားပေးမှု ရရှိနေပါတယ်။ အထူးသဖြင့် အာရှတိုက်နိုုင်ငံများဖြစ်တဲ့ ထိုင်ဝမ်၊ မလေးရှား၊ ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ၊ တိုကျို၊ နဲ့ ဗီယက်နမ် ကနေ နယူးယောက် အထိ ပရိသတ် အခိုင်အမာ ရရှိထားပါတယ်။

သူမဟာ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာကြောင့် လူသိများတဲ့အပြင်၊ သူမရဲ့ ကကွက် တွေကြောင့် ပရိသတ်တွေ သဲသဲလှုပ်ပါ။ သူ့ရဲ့ ကကွက်တွေဟာ နာမည်ကျော် တီးလုံးတွေ ဖြစ်တဲ့ “New Thang” “Worth It” စသည်တို့နဲ့ တွဲဖက်နိုင်ပါတယ်။

သူမဟာ အာရှတိုက်မှာ အရမ်းကျော်ကြားပြီး sexy ကျတဲ့ အမျိုးသမီး DJ စာရင်း ထိပ်တန်း ၁၀ ယောက်မှာ ၁ ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမ ရဲ့ ကျော်ကြားတဲ့ သီချင်းတွေကတော့ “Talk Dirty” “G.D.F.R” “Skool-Days” တို့ပဲဖြစ်ပါတယ်။

Source: edmhive.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။