မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုအသင်းဟာ အိမ်ကွင်းမှာ ဆီဗီလာအသင်းကို ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် နောက်မှသာ ဒီနှစ်သင်းဟာ ရှိနေပေမဲ့ လာလီဂါဖလားကို ပစ်မှတ်ထားနိုင်တဲ့ ဖျက်မြင်းအသင်းအဆင့်မှာ ရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၂ နဲ့ အဆင့် ၃ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် နိုင်တဲ့အသင်းဟာ အဆင့် ၁ အသင်းကို ဆက်လက်ဖိအားပေးနိုင်မှာလည်းဖြစ်ပါတယ်။

အက်သလက်တီတိုအသင်းဟာ လာလီဂါ မှာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းကတော့ လာလီဂါ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းရဲ့ နောက်ဆုံးငါးပွဲ မှာတော့ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ 

အက်သလက်တီကိုအသင်းရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဂရက်စမန်း၊ ကော်ရီယာ၊ ဆောလ်၊ ဂါဘီ၊ ကာရက်စကို၊ ကိုကီတို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ နာဗက်စ်၊ ဆရားဘီယား၊ ရီဒါ ၊ အန်ဇွန်ဇီ၊ ဂန်ဆို၊ ဘန်နီဂါ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အိမ်ရှင်အားသာချက်ရှိတဲ့ အက်သလက်တီကိုအသင်းကပဲ အနိုင်ရယူသွားမှာလား၊ ပုံစံကောင်းဆက်တိုက်ပြသနေတဲ့ ဆီဗီလာအသင်းကပဲ နိုင်ပွဲဆက်မလားဆိုတာတော့ စောင့်ကြည့်ရအောင်ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။