ယခုအပတ်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၆)ကို ယှဉ်ပြိုင်ကစားသွားကြမှာပါ။ မန်ချက်စတာစီးတီးအသင်းကတော့ အောက်ဆုံးကခရစ်စတယ်ပဲလေနှင့်ကစားမှာပါ။ စပါးအသင်းက ၀က်စ်ဟမ်းအသင်း၊ မန်ယူအသင်းက ဆောက်သမ်တန်အသင်းနှင့် ချယ်ဆီးကတော့ စတုတ်နှင့်ကန်ရမှာပါ။ လီဗာပူးက လက်စတာစီးတီးနှင့် အာဆင်နယ်ကတော့ ၀က်ဘရွန်းနှင့်ကန်ကြမှာပါ။

မန်ချက်စတာယူနိုင်တက်ကတော့ လက်ရှိအချိန်မှာ တိုက်စစ်က ပုံစံကောင်းရနေပါတယ်။ မာတစ်ကိုခေါ်လာခဲ့ပြီးနောက်မှာတော့ မန်ချက်စတာယူနိုင်တက်၏ ကွကင်းလယ်က မာကြောလာပါတယ်။ မော်ရင်ဟိုကတော့ ပွဲတိုင်းကို အနိုင်ကစားဖို့ရှိနေပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ ဇယားထိပ်ဆုံးမှာ မန်ချက်စတာစီးတီးနှင့်အတူ ရပ်တည်နေပါတယ်။ 

ဆောက်သမ်တန်ကတော့ အဆင့်၉မှာရပ်တည်နေပါတယ်။ ဆောက်သမ်တန်ကတော့ ခြေမငြိမ်ပါဘူး။ မန်ချက်စတာယူနိုင်တက်ကတော့ အဝေးကွင်းကော အိမ်ကွင်းကောပါ တိုက်စစ်ခြေစွမ်းတွေပြသထားပါတယ်။ မန်ချက်စတာယူနိုင်တကအနေနှင့် ဆောက်သမ်တန်၏ တည်ကန်ဘောများကိုထိန်းချုပ်နိုင်ဖို့လိုပါတယ်။ မန်ချက်စတာယူနိင်တက်ကတော့ ဒီပွဲမှာ ဆောက်သမ်တန်ကို အနိုင်ယူဖို့ရှိနေပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။