ယခုအပတ်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၆)ကို ယှဉ်ပြိုင်ကစားသွားကြမှာပါ။ မန်ချက်စတာစီးတီးအသင်းကတော့ အောက်ဆုံးကခရစ်စတယ်ပဲလေနှင့်ကစားမှာပါ။ စပါးအသင်းက ၀က်စ်ဟမ်းအသင်း၊ မန်ယူအသင်းက ဆောက်သမ်တန်အသင်းနှင့် ချယ်ဆီးကတော့ စတုတ်နှင့်ကန်ရမှာပါ။ လီဗာပူးက လက်စတာစီးတီးနှင့် အာဆင်နယ်ကတော့ ၀က်ဘရွန်းနှင့်ကန်ကြမှာပါ။

ဒီအပတ်မှာတော့ မန်ချက်စတာစီးတီးက အိမ်ကွင်းမှာ ခရစ်စတယ်ပဲလေ့နှင့် ကစားရာမှာပါ။ ခရစ်စတယ်ပဲလေ့ကတော့ ပွဲစဉ်တိုင်းကို ရှုံးနိမ့်ထားပါတယ်။ ခရစ်စတယ်ပဲလေ့က ဇယားအောက်ဆုံးမှာ ရပ်တည်နေတာပါ။ မန်ချက်စတာစီးတီးကတော့ မန်ချက်စတာယူနိုင်တက်နှင့်အတူ ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာပါ။

မန်ချက်စတာစီးတီးကတော့ တိုက်စစ်ခြေစွမ်းတွေ ဆက်တိုက်ပြသထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲမှာ လီဗာပူးကို ၅-၀ နှင့် ၀က်ဖို့ကို ၆-၀ ဖြင့် နိုင်ထားပါတယ်။ ခရစ်စတယ်ပဲလေ့အနေဖြင့် မန်စီးတီးကို ယှဉ်ကန်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီပွဲမှာတော့ မန်ချက်စတာစီးတီးက ဂိုးအပြတ်နှင့်ပဲ အနိုင်ယူသွားဖို့ ရှိပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။