မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်မှာ အလာဗက်အသင်းက အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။အလာဗက်အသင်းဟာ လာလီဂါ ပွဲ ၅ ပွဲ ကန်ထားခဲ့တာ ဖြစ်ပြီး နိုင်ပွဲမရရှိသေးတဲ့ အသင်းလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အိမ်ကွင်းမှာ ဘတ်တစ်အသင်းကို ရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။

အလာဗတ်အသင်းဟာ လာလီဂါအဆင့် ၁၉ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။အလာဗတ်အသင်းရဲ့ နောက်ဆုံး ငါးပွဲ မှာ ငါးပွဲလုံးရှုံးထားတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ အဆင့် ၈ နေရာမှာ ရပ်တည် နေခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ဆုံးငါးပွဲ ရလဒ်မှာတော့ နှစ်ပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

အလာဗက်အသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ မူနီယာ၊ ပတ်ရာဇာ၊ အိုက်စ်၊ ဖရန်ကို၊ တောရက်၊ ဂါစီယာ၊ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ် အသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဘေလ်း၊ ရော်နယ်ဒို၊ အဆန်စီယို၊ မိုဒရစ်၊ ကတ်စမဲရိုး၊ ခရူး တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။နိုင်ပွဲမရရှိသေးတဲ့ အလာဗက်အသင်းအနေနဲ့တော့ ရှုံးပွဲတွေ့ထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ပေါက်ကွဲမှုအားကို တောင့်ခံနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေပြီဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။