ရန်သူတွေကို အိမ်မက်ဆိုးတွေမက်စေတဲ့ တင့်ကားကတော့ အစ္စရေးနိုင်ငံ ရဲ့ Merkava တင့်ကား ပါ။ Merkava တင့်ကား ဟာ အစ္စရေးနိုင်ငံ ရဲ့ ပင်မတိုက်ပွဲဝင်တင့်ကားဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်ကစတင်ပြီး ဒီတင့်ကားတွေ ကို စတင်ထုတ်လုတ်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် မှာတော့ တရားဝင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် လက်ဘနွန်စစ်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် စတင် အသုံးပြုခဲ့ပါတယ်။

ဒီ တင့်ကားဟာ ထိခိုက်ပျက်စီးမှု ဖြစ်ရင် အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ကုန်ကျစရိတ်သက်သာ အောင်ရယ်၊ လမ်းကြမ်းခရီးကြမ်းတွေမှာ မောင်းနှင်နိုင်အောင် တီထွင်ထုတ်လုပ်ထားပါတယ်။ အမြောက်ဆုံလည်ဟာ အခြားတင့်ကားများထက် အနောက်ပိုင်းနားပိုရောက်တဲ့နေရာမှာ တပ်ဆင်ထားပြီး အမြောက်အနေနဲ့ အလိုအလျောက်ပစ်ခတ်တဲ့ စနစ်ကိုတပ်ဆင်ထားပါတယ်။ ရန်သူတွေ အနေနဲ့ ဒီတင့်ကားကို တားဆီးဖို့ ဖျက်ဆီးဖို့ မလွယ်ကူပါဘူး။ ခေတ်မှီနည်းပညာ တွေ၊ ခေတ်မှီစနစ်တွေ ထည့်သွင်းတည်ဆောက်ထားလို့ပါ။

ဒီ Merkava တင့်ကား မှာ ခေတ်မှီနည်းပညာတွေကို ထည့်သွင်းတည်ဆောက်ထားတာကြောင့် စစ်ဆင်ရေးတွေမှာ အောင်မြင်မှု ရရှိပြီး ထိခိုက်ပျက်စီးမှု ပမာဏလည်းအလွန်နည်းပါးခဲ့ပါတယ်။ Trophy Active Protection System ဆိုတဲ့ တင့်ကားဖျက်လက်နက်ကာကွယ်ရေးစနစ်ကို တပ်ဆင်ထားတာကြောင့် ရန်သူကပစ်လွှတ်လိုက်တဲ့ တင့်ကားဖျက်ဒုံးပျံတွေ၊ အာပီဂျီတွေကို ကြားဖျက်ပစ်ချနိုင်ခဲ့ပါတယ်။ Merkava တင့်ကားကို မျိုးကွဲများစွာ ထုတ်လုပ်ထားပါတယ်။ မျိုးကွဲတွေအနေနဲ့ Mark I, Mark II, Mark III, Mark IV, Mark IVm Windbreaker ဆိုပြီး ထုတ်လုပ်ထားပါတယ်။

Source: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။