ဒီနေ့ သောကြာနေ့လေး ရောက်လာပြီဆိုတော့ ရုံးပိတ်ရက် ဘာလုပ်စားရင်ကောင်းမလဲ စဉ်းစားနေတဲ့ အစားတစ်လိုင်းတွေရှိကြမယ်ဟုတ်..။

ဆိုင်မှာ အမြဲတမ်းလိုလို ဆိုင်စာတွေဝယ်စားနေရတာ ရိုးနေပြီဆိုတဲ့သူတွေအတွက် ကိုယ့်အိမ်မှာ အားရပါးရ စားလို့ရမယ့် မာလာဟင်းချက်နည်းလေး ဖော်ပြပေးမယ်နေ်ာ။

မာလာဟင်းက လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်သလို မကြိုက်တဲ့သူကတော့ တော်တော်နည်းပါတယ်။ ဒါ့ကြောင့် လက်မလွတ်သင့်တဲ့ မာလာဟင်းချက်နည်းတွေအတိုင်း ပိတ်ရက် ကို အေးအေးဆေးဆေး ဖြတ်သန်းလိုက်ပါတော့နော်။ 

ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီး မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ ချက်ရတာလည်း လွယ်ကူပါတယ်။

မာလာဟင်း အနှစ်ချက်ရန် ပါ၀င်ပစ္စည်းများ

မာလာဟင်းနှစ်ထုပ် – ၁ထုပ်

ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

မာလာဟင်းတွင် ပါ၀င်ပစ္စည်းများ

ကြက်သားချောင်း – ၂ချောင်း (အစောင်းလှီးပါ)

မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး – ၅၀ဂရမ်

(မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်)

ပြင်ဆင်နည်း

၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။

၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။

၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

မာလာဟင်းချက်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

၂။ ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ထုပ် (၅ပုံ ၄ပုံ) ထည့်ပေးပြီး ရေ(၃ခွက်) ထည့်ပါ။

၃။ ထို့နောက် အရသာအတွက် (ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား) တို့ကို ထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။

၄။ မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီး ၁မိနစ်ခန့် တည်ထားပါ။

၅။ ပြီးမှ အနူးလွယ်သော (ပဲပြား၊ ရွှေပဲသီး) တို့ကို ထည့်ပြီး ၁မိနစ်ခန့် ထပ်တည်ထားပါ။

၆။ ပြီးနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

ရ။ ရေအနည်းငယ်ကျန်ပြီး အရသာ အပေါ့အငံ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီး မီးပိတ်လိုက်ပါ။

၈။ မာလာဟင်း စပ်စပ်လေးကို အရသာရှိစွာ အသားကင်ဖြစ်စေ၊ ထမင်းဖြင့် ဖြစ်စေ တွဲဖက်သုံးဆောင်နိုင်ပါပြီ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးပိုင်ဆိုင်နိုင်ကြပါစေ။ 

Source :  ဟင်းချက်နည်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။