မနက် ၁း၀၀ မှာ ယှဉ်ပြိုင်ကစားမဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ ဝုတ်ဘတ်အသင်းကို ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြုးနစ်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်ဖြစ်တဲ့ ရှော်ကေးအသင်းနဲ့ ပွဲမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ဝုတ်ဘတ်အသင်းရဲ့ ၅ ပွဲမှာ ၆ ဂိုးပေးထားရတဲ့ ခံစစ်ဟာ ဘိုင်ယန်တိုက်စစ်ကို ထိန်းချူပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါအဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုူံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝုတ်ဘတ်အသင်းကတော့ ဘွန်ဒက်လီဂါအဆင့် ၁၃ မှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ဝုတ်ဘတ်အသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး၊ ရီဘာရီ၊ ဂျိန်းရိုဒရီဂွက် ၊ ကိုမန်း၊ ဗီဒယ်၊ တိုလီဆို တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဝုတ်ဘတ် အသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အိုရီဂီ၊ မာလီ၊ ဒီဒါဗီ၊ နက်တ်၊ ဂူလာဗော့၊ အာနိုးလ် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဝုတ်ဘတ်အသင်းကို အနိုင်သေချာနေတာဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးမိုးရွာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။