iPhone တစ်လုံးကိုင်တော့မယ် ဆိုရင် ဒီအချက်လေးတွေကိုတော့ မဖြစ်မနေ သိထားသင့်ပါတယ်။ သင် မသိသေးတာတွေလည်း ပါနိုင်သလို သိပြီးသား အကြောင်းအရာတွေကို မေ့နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ios version သုံးသူတွေ အနေနဲ့ အမြဲ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ မေးခွန်းနဲ့ အဖြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. iPhone မှာ Video ဘယ်လို download လုပ်မလဲ?

ဒီ App တွေကနေ download လုပ်ပါ (FB Video လည်းရပါတယ်)

Files - File Browser & Manager by Efrem Nebay

https://appsto.re/us/qv-leb.i

QWE by Baulin Roman

https://appsto.re/us/NDUW3.i

၂. MP3 ဘယ်လ download လုပ်မလဲ?

ဒီ App တွေကနေ download လုပ်ပါ

Free Music Play - Playlist Manager & Mp3 Player. by Jean McCree

https://appsto.re/us/eNfWcb.i

iMusic - Free ! by Imu Sic

https://appsto.re/us/bgiIab.i

၃. Internet Setting ဘယ်လို ပြောင်းရမလဲ?

Setting > Cellular > Cellular Data Options > Cellular Data Network ထဲက အပေါ်ဆုံး Cellular Data ခေါင်းစဉ်အောက်က APN , Username နေရာမှာ MPT SimCard ဆိုရင် mptnet လို့ရိုက်ထည့်ပါ ။ Telenor/Ooredoo ဆိုရင် internet လို့ရိုက်ထည့်ပါ ။

၄. Hotspot လွှင့်တဲ့ဟာလေးပျောက်နေတယ် ဘယ်လိုလုပ်ရမလဲ?

Setting > Cellular > Cellular Data Option > Cellular Data Network မှာ အောက်ဆုံးက Personal Hotspot ခေါင်းစဉ်အောက်က APN နဲ့ Name နေရာမှာ MPT ဆင်းကဒ်ဆိုရင် mptnet လို့ထည့်ပါ ။

Telenor/Ooredoo ဆိုရင် internet လို့ရိုက်ပြီး Back ထွက်လိုက်ပါ ။

၅. Application download လုပ်တာ 100MB ကျော်ရင်ရော ရလား ?

App Store မှာ 100MB ကျော်တဲ့ App တွေကို ဖုန်းအင်တာနက်နဲ့ download လုပ်လို့မရပါဘူး ။ Wifi ချိတ်ပြီး (သို့) တခြားဖုန်းနဲ့ Wifi လွှင့်ပြီး ဆွဲရင် ရပါတယ် ။

၆. Reset ချတာ အကုန်ပျက်သွားမှာဆိုးရင် ဘယ်လိုလုပ်ရမလဲ?

Setting > General > Reset ထဲက အပေါ်ဆုံးက Setting Reset ချရင် ဖုန်းရဲ့ Setting တွေက Default အတိုင်းဖြစ်သွားမှာပါ ။ ဘာ Data မှ မပျက်ပါ ။

ဒုတိယနေရာက Reset All Content and Setting လုပ်ရင် ဖုန်းတစ်လုံးလုံး ရှိသမျှ Data အကုန်ပျက်ပါမယ် ။

၇. အတုနဲ့အစစ်ဘယ်လို ခွဲမလဲ ?

အမှန်တကယ်တော့ ကြည့်ရတာလွယ်ပါတယ် ။ မကြည့်တတ်ရင်

https://checkcoverage.apple.com/in/en/

ဒီ Website မှာ ဖုန်းရဲ့ Serial Number ရိုက်ကြည့်လိုက်ရင် ဖုန်းအမျိုးအစားပေါ်လာပါမယ် ။ ပေါ်လာရင် အစစ်ပါ ။ မပေါ်လာရင် အတုပါ ။

၈. iCloud အကောင့် ဝင်ထားတာ ရှိမရှိသိချင်ရင် ဘယ်လိုလုပ်မလဲ?

https://www.icloud.com/activationlock/

ဒီ Website မှာဖုန်းရဲ့ IMEI Number (or) Serial Number ထည့်ရင် ပေါ်လာပါတယ် ။

Activation Lock Off ဆိုရင် iCloud account ဝင်ထားတာ မရှိပါဘူး။

Activation Lock On ဆိုရင် iCloud account ဝင်ထားပါတယ် ။

၉. ကိုယ့် ဖုန်းက ဘယ်နိုင်ငံအလုံးလဲသိချင်တာဘယ်လိုလုပ်ရမလဲ?

Setting > General > About > Model ထဲက နောက်ဆုံး စာလုံးတွေနဲ့ Link မှာပြထားတဲ့ ဇယားထဲမှာ တိုက်ကြည့်ပါ ။

https://www.theiphonewiki.com/wiki/Model_Regions

၁၀. "This charger or Accessories is not compatible..." ဘာညာပေါ်လာရင် ဘာလုပ်ရမလဲ?

Original Charger နဲ့မသွင်းဘဲ Quality ည့ံတဲ့ Copy Charger နဲ့သွင်းလို့ဖြစ်တာပါ ။

ကားမီးခြစ်ပေါက်မှာ ထိုးတဲ့ Adapter နဲ့ထိုးရင်လည်းဖြစ်တတ်တယ် ။ Charger ပြောင်းသွင်းကြည့်ရင် ရနိုင်ပါတယ် ။ မရရင် Setting Reset လုပ်ကြည့်ပါ ။

၁၁. လိုချင်တဲ့ App က Free မဟုတ်ရင် ဘယ်လိုဝယ်မလဲ?

iTunes Gift Card တစ်ကဒ်ဝယ်ပါ ။ App Store ထဲက Home Page အောက်ဆုံးနားမှာ Redeem နှိပ်ပါ ။ Gift Card ကို Scan ဖတ်ပြီးရင် ရပါပြီ ။ လိုချင်တဲ့ App ဝယ်ပါ ။

၁၂. Finger Print Disabled ဖြစ်သွားတယ် ဘယ်လိုလုပ်ရမလဲ?

Finger Print မရတော့ရင် နီးစပ်ရာ Apple Service ကျွမ်းကျင်သူကိုပြပါ ။ ကြိုးလွှတ်သွားတာဆိုရင် ပြန်တပ်လိုက်လို့ရပါတယ် ။ ပျက်သွားတာဆိုရင် ပြန်ပြင်လို့မရတော့ပါ ။ အစားထိုးပစ္စည်းထည့်လို့မရပါဘူး CPU တစ်ခုနဲ့ Touch ID တစ်ခုကိုပေါင်းပြီးမှ Apple က တစ်စုံထုတ်ထားတာပါ ။ ပြင်လို့မရပါ ။

ဒီအချက်လေးတွေကို သိရှိပြီး အားလုံးပဲ အသုံးတည့်နိုင်ကြပါစေ …

အခုဆိုရင် iPhone မှာ ios version 11 အထိတောင် မြှင့်လို့ရပြီနော် ... Version မှာ ထူးခြားမှုလေးတွေ ရှိတာကြောင့် Version မြှင့်ဖို့ မေ့နေကြမှာစိုးလို့ပါ <3 <3 <3

Source: GK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။