မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ရိုးမားအသင်းဟာ အိမ်ကွင်းမှာ အူဒီနီးစ် အသင်းကို ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ စီးရီးအေနောက်ဆုံးနှစ်ပွဲမှာ ပေးဂိုးမရှိပဲ ဂိုးပြတ်အနိုင်ရကာ ပုံစံကောင်းပြသနေတဲ့ အသင်းလည်းဖြစ်ပါတယ်။အူဒီနီစ်းအသင်းကတော့ နောက်ဆုံးစီးရီးအေ နှစ်ပွဲမှာ အိမ်ကွင်းမှာ နှစ်ပွဲလုံးရှုံးထားတာလည်းဖြစ်ပါတယ်။ 

ရိုးမားအသင်းဟာ စီးရီးအေ အဆင့် ၇ မှာ ရှိနေတာဖြစ်ပြီး တစ်ပွဲလျော့ကန်ထားတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာ သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲ ရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အူဒီနီစ်းအသင်းကတော့ စီးရီးအေ အဆင့် ၁၆ မှာ ရပ်တည်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။အူဒီနီးစ်အသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ ၄ ပွဲရှုံး ၁ ပွဲနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာကြောင့် ရလဒ်တွေဆိုးဝါးနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ရိုးမားအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ပီရော့တီ၊ ဒီဇီကို၊ အယ်ရှာရာဝီ၊ နိုင်ဂိုလန်၊ ဒီရော့ဆီ၊ စထရူးမန်း တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အူဒီနီစ်း အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လက်စနာ၊ လိုပတ်၊ ပေါလ်၊ ဘာရာမီ၊ ဖော်ဖာနာ၊ ဂျန့်တို တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းအနေနဲ့ ရလဒ်တွေတောက်လျှောက်ဆိုးဝါးနေတဲ့ အူဒီနီစ်းအသင်းကို အိမ်ကွင်းမှာ အနိင်ကန်သွားဖွယ်ရှိနေတာဖြစ်ပြီး ဂိုးပြတ် မပြတ်တော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။