နေ့ရက်တိုင်းမှာ အချိန်ဆိုတာ ရှိစမြဲပါ။ ဒါ့ကြောင့် အချိန်ကိုသာ သတိထားပြီး ဂရုစိုက်ပေးရုံဖြင့် မိမိ၏ ကျန်းမာရေးက အရမ်းကို တိုးတက်ကောင်းမွန်သွားမယ်ဆိုရင် အ့ံမခန်းပါပဲ။ ဒါ့ကြောင့် အချိန်ကို အခြေခံအားဖြင့် သုံးပိုင်းခွဲပြီး ပြောပြချင်ပါတယ်။ နာရီအတိအကျလည်း ဖော်ပြထားတာမို့ ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေမယ် ဆိုတာကို ယုံကြည်ပါတယ်။

နံနက်ပိုင်း

နံနက် ၅ နာရီမှ ရ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး ၀မ်းမှန်မှန် သွားသင့်ပါတယ်။။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား နည်းနေမှာဖြစ်သောကြောင့် အမျှင်ပါသော အစားအစာ များများစားပေးဖို့ အကြံပေးချင်ပါတယ်။

နံနက် ရ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ (Breakfast) အဝ စားသင့်ပါတယ်။

နေ့လည်ပိုင်း

နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံး (Heart) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ် အနားယူသင့်တယ်။

ညနေ ၁ နာရီမှ ၃ နာရီအတွင်း အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ အလေးအပင်များ မ,ခြင်းမှ ဆင်ခြင်ရန် အထူးလိုအပ်ပါတယ်။

ညနေ ၃ နာရီမှ ၅ နာရီတွင် ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် အနည်းဆုံး ၁ လီတာမှ စ,ပြီး ရေများများ သောက်ရန် လိုအပ်ပါတယ်။

ညနေ ၅ နာရီမှ ရ နာရီသည် ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်ပါတယ်။ ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ ကျောက်ကပ်ပျက်စီးလွယ်သည်။

ညပိုင်း

ည ရ နာရီမှ ၉ နာရီတွင် နှလုံးအမြှေးပါး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် Entertainment များ၊ ရယ်မောဖွယ် ဟာသများ စသဖြင့် ကြည့်ရှုခံစား သင့်ပါတယ်။

ည ၉ နာရီမှ ၁၁ နာရီသည် ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း (ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန် ဖြစ်ပါတယ်။

ည ၁၁ နာရီမှ ၃ နာရီသည် အသည်း (Liver) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ။ အသည်းကို အနားပေးရန် လိုအပ်ပါတယ်။

ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင် သည်းခြေမှ အလုပ်လုပ်ပါတယ်။

နံနက် ၃ နာရီမှ ၅ နာရီထိသည် အဆုတ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်ပါတယ်။

ဒီအကြောင်းအရာလေးတွေကို သိရှိထားပြီးနောက် မိမိကိုယ်တိုင် သတိပြု ဆင်ခြင်ပြီး သူငယ်ချင်းတွေကိုလည်း ကျန်းမာရေး ဗဟုသုတ အဖြစ် မျှဝေဖို့ အကြံပြုချင်ပါတယ်။

အားလုံးပဲ ကျန်းမာလှပသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … ။

သတင်းအရင်းအမြစ် - ပါမောက္ခ ဒေါ်ခင်ဖြူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။