မကြာခင်ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ရေပန်းစားနေသူနှစ်ဦးကတော့ သက်မွန်မြင့်နဲ့ဝတ်မှုန်ရွှေရည်တို့ဖြစ်ပြီး နှစ်ဦးအတူပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်လှစွာသောအမုန်းဇာတ်ကားနဲ့ အကဲဖြတ်လွှာတင်ခြင်းခံခဲ့ရတာပါ။

ချစ်လှစွာသောအမုန်းဇာတ်ကားဟာ ပရိသတ်တွေရင်ထဲ ရောက်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ပါဝင်သရုပ်ဆောင်သူ မင်းသမီးနှစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်တို့ဟာ သက်ဆိုင်ရာ ဇာတ်ကောင်စရိုက်မှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာကြောင့် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

သက်မွန်မြင့်မှာ ချစ်လှစွာသောအမုန်း ရုပ်ရှင်ကားကြီးတွင်

- ဖခင်ဖြစ်သူရဲ့ ရှုပ်ပွေမှုကြောင့် အရွယ်သိပ်မကွာတဲ့ မိထွေးတစ်ယောက်ရလိုက်သူ

-အစပိုင်းမှာ မိထွေးဖြစ်သူကို မကြည်ဖြူခဲ့ပေမဲ့ ဖခင်ဖြစ်သူရဲ့ လျစ်လျူရှုမှုတွေကို သိလာတဲ့အခါ

-မိထွေးဖြစ်သူမိန်းကလေးအပေါ် မိန်းမသားချင်း စာနာစိတ်နဲ့ ဂရုတစိုက် သနားချစ်ခင်လာခဲ့သူ

-မိမိတိတ်တခိုးတွယ်တာခဲ့ရတဲ့ ငယ်သူငယ်ချင်းနဲ့ မိထွေးဖြစ်သူမိန်းကလေး သံယောဇဉ်တွယ်သွားချိန်မှာလည်း အပြစ်မမြင်ရက်နိုင်

-မိမိခံစားနေရတဲ့ ရင်ထဲကသဝန်တိုစိတ်ကို မမြင်အောင်ဖုံးဖိပြီး တစ်ယောက်တည်း ကျိတ်ခံစားရရှာတဲ့ မိုးစက်မေ ရဲ့အဖြစ်

-မြန်မာမိနး်မသားတစ်ဦးရဲ့ မွန်မြတ်တဲ့စိတ်ထား ခွင့်လွှတ်နာလည်မှု အနစ်နာခံမှု စာနာမှု ပေးဆပ်မှုတွေကို ၀ါရင့်သရုပ်ဆောင်ပီပီ တိကျပိုင်နိုင်ပြီး ပညာသားပါပါ အနုပညာမြှောက်စွာ သရုပ်ဆောင်ပြနိုင်ခဲ့တာကြောင့် အကယ်ဒမီဆုအတွက်ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ နှစ်ဆက်ဆိုသလို အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့ပြီး ဒီနှစ်မှာလဲ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကြောင့် ရေပန်းစားနေသူတစ်ဦးဖြစ်ပါတယ်။

ပရိသတ်တွေအရမ်းသဘောကျတဲ့ မင်းသမီးနှစ်လက်ဖြစ်တဲ့ သက်မွန်နဲ့ ဝတ််မှုန်မှာ ဘယ်သူက အကယ်ဒမီဆုကို ဆွတ်ခူးရရှိမလဲဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။ မကြာခင်မွေးတော့မယ့် မေမေဗိုက်သက်မွန်လေးလား၊ ဒါမှမဟုတ် ဝတ်မှုန်ကပဲ ဆက်လက်ပြီး အကယ်ဒမီစံချိန်ကို ထိန်းထားနိုင်မလားဆိုတာ ပရိသတ်တွေပဲ ဝေဖန်အကဲဖြတ်ပါဦးနော်။

Source : MyanmarFilmAcademy

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။