မနက်ဖြန်ယှဉ်ပြိုင်ကစားမဲ့ အီတလီ စီးရီးအေပွဲစဉ်မှာ SPAL 2013 အသင်းနဲ့ နာပိုလီအသင်းတို့တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ရာနူန်းပြည့် နိုင်ပွဲရရှိထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ အမှတ်တူကာ ဂိုးကွာခြားချက်နဲ့ နာပိုလီအသင်းက အဆင့် ၁ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။တန်းတက် SPAL 2013 အသင်းကတော့ တန်းတတ်အသင်းဖြစ်ပေမဲ့ ရမှတ်တစ်ချို့ကိုတော့ ရယူထားနိင်ခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။

နာပိုလီအသင်းဟာ အီတလီစီးရီးအေတွင် အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာတော့ ရာနူန်းပြည့် ၅ ပွဲလုံး နိုင်ပွဲရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။SPAL 2013 အသင်းကတော့ အီတလီစီးရီးအေတွင် အဆင့် ၁၅ မှာရပ်တည်နေတာလည်းဖြစ်ပါတယ်။SPAL 2013 အသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ တစ်ပွဲနိုင် တစ်ပွဲသရေ သုံးပွဲရှုံးရလဒ်ကို ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

SPAL 2013 အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ပါလော့ချီ၊ ဘောရီရယ်လို၊ ကော်စတာ၊ မိုရာ၊ ဗီဗီရာနီ၊ လာဇာရီ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဒရိုင်းမာတင်၊ ကယ်လီဂျွန်၊ အစ်ဇနီ၊ ဟမ်ဆစ်၊ ဂျော်ဂျီဟို၊ အလန် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့တိုက်စစ်ကို SPAL 2013 အသင်းအနေနဲ့ တောင့်ခံနိုင်စွမ်းမရှိနိုင်တာကြောင့် အဆင့် ၁ နေရာအတွက် ဂိုးသွင်းလေ့ကျင့်မဲ့ ပွဲလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။