Vaseline Lotion အမှတ်တံဆိပ်ပွဲမှာ အတူတွဲတွေ့ရတဲ့ အေးမြတ်သူနဲ့နေခြည်ဦးတို့ဟာ Vaseline ရဲ့ Brand Ambassador အဖြစ်ရွေးချယ်ခံရသူတွေပါ။ချစ်ဖို့ကောင်းတဲ့ သူနှစ်ယောက်ပါ။သူတို့နှစ်ယောက်ပါ မြန်မာနို်င်ငံမှာ လူစိတ်ဝင်စားမှုများတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။

သရုပ်ဆောင်အေးမြတ်သူဟာ မင်းသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်ရဲ့မေတ္တာကို များစွာရရှိထားသူတစ်ယောက်ပါ။သူမဟာ သရုပ်ဆောင်ကောင်းသူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။သူမဟာ အနုပညာလုပ်ငန်းတွင်မကဘဲ ပရဟိတလုပ်ငန်းတွေကိုပါ မအားလပ်တဲ့ ကြားကလုပ်ဆောင်သူတစ်ယောက်ပါ။

ဒါအပြင် မြန်မာနိုင်ငံမှာလူစိတ်ဝင်စားမှုများနေတဲ့ beauty blogger နေခြည်ဦးကတော့ ပရိသတ်တွေတော်တော်များများသိကြမှာပါ။သူမရဲ အစီစဉ်တွေကို ပရိသတ်တော်တော်များများက စောင့်ကြည့်ကြပါတယ်။အလှအပနဲ့ဆိုင်တဲ့ဗဟုသုတတွေကို အမြဲတမ်းတင်ပြနေသူတစ်ယောက်ဖြစ်ပါတယ်။သူမတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကိုတင်ပြပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - AYE MYAT THU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။