ရုရှားနိုင်ငံ Mikoyan ကုမ္ပဏီ မှ ထုတ်လုပ်တဲ့ MiG-35 တိုက်လေယာဉ် (နေတိုးအခေါ် Fulcrum-F) ဟာ ဘက်စုံသုံးတိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး MiG-29M/M2 နဲ့ MiG-29K/KUB တို့ကိုထပ်မံ အဆင့်မြှင့်တင်ထားတဲ့ အမျိုးအစားလဲဖြစ်ပါတယ်။ စတုတ္ထမျိုးဆက်သစ် လွန် (4++ generation jet fighter) တိုက်လေယာဉ်အမျိုးအစားအဖြစ် Mikoyan ကုမ္ပဏီ မှသတ်မှတ်ထားပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ် အတွင်း မှာ အဲ့ဒီ့လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသေးတယ်။

MiG-35 တိုက်လေယာဉ် ဟာ avionics နဲ့ လက်နက်စနစ်ပိုင်းတွေမှာ အကြီးအကျယ် အဆင့်မြှင့်ထားပါတယ်။ ရေဒါအသစ်တွေဖြစ်တဲ့ AESA radar ပစ်မှတ်တိကျလမ်းညွှန်စနစ်တွေအပြင်၊ လေယာဉ်ရဲ့ တည်နေရာကို မြေပြင်အကူအညီမလိုဘဲ လေယာဉ်မှုးမှ သိနိုင်မယ့် ခေတ်မှီစနစ်သစ်တွေပါ၀င်ပါတယ်။

MiG-35 တိုက်လေယာဉ်တွေကို အဓိက အသုံးပြုနေတာကတော့ ရုရှားလေတပ် နဲ့ အီဂျစ်လေတပ်တို့ပဲဖြစ်ပါတယ်။ လေယာဉ်တစ်စီးကို အမေရိကန်ဒေါ်လာ ၄၀ မီလီယံ တန်ဖိုးရှိပါတယ်။ ဒီတိုက်လေယာဉ်တွေကို မြန်မာနိုင်ငံမှ ၀ယ်ယူဖို့စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ မြန်မာ့လေတပ်မတော် မှာ MiG-35 တိုက်လေယာဉ်တွေ မြင်တွေ့ရမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Source: Wikipedia and Russian military news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။