၀ါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော် နဲ့ သရုပ်ဆောင် ဇေရဲထက်တို့ရဲ့ ခပ်ဟော့ဟော့ ဓာတ်ပုံတွေက အွန်လိုင်းမှာ တော်တော်လေးပျံ့ပြီး လူပြောများနေတာဖြစ်ပါတယ်။

အဆိုပါ ဓာတ်ပုံတွေဟာ ရာဇဝင်ရိုင်းခဲ့သည် ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းပုံရိပ်တွေဖြစ်ပြီး အမြင်ရိုင်းနေတယ်လို့ လူမှုကွန်ရက်သုံးစွဲသူအချို့က မှတ်ချက်ပေးကြတာပါ။

အဆိုပါဓာတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်မင်းသမီးချော ခင်ဇာခြည်ကျော် က သူမရဲ့ အင်စတာဂရမ်ပေါ်မှာ အခုလို ပြန်ဖြေရှင်းထားပါတယ်။

"ရာဇဝင်ရိုင်းခဲ့သည်" ဇာတ်ကားက ဇာတ်ဝင်ခန်းပုံတွေနဲ့ ပတ်သက်ပြီး ခင်ဇာခြည်ကျော်က သူမရဲ့ official instagram မှာ " အမှန်က ဒီလိုပါ " ဆိုပြီးတော့ ပုံတစ်ချို့ကို ပြန်တင်ထားပါတယ်။

ဇေရဲထက်က အဆိုပါဓာတ်ပုံတွေကို အပေါ်ပိုင်းဖြတ်ညှပ်ကပ်လုပ်ပြီး သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ တင်မိရာကနေ ဝေဖန်မှုတွေခံလိုက်ရတာဖြစ်ပါတယ်။

ဝေဖန်သူတွေရှိနေပမယ့်လည်း သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ ပရိသတ်တွေကတော့ သူမရဲ့အကြောင်းကို အသိဆုံးမို့ ဘာမှဝင်ရောက်ဝေဖန်ထားခြင်းမရှိပါဘူး။

၀ါရင့်မင်းသမီးခင်ဇာခြည်ကျော်ဟာ အကယ်ဒမီဆုတွေရရှိထားတဲ့အပြင် အနုပညာလောကထဲ အခုတစ်ခါ တစ်ကျော့ပြန်ဝင်ရောက်လာတာဖြစ်ပါတယ်။ 

Source : Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။