မြန်မာစပါးကြီးမြွေနဲ့ကျားသစ်နက်တို့ရဲ့တိုက်ပွဲ

အောင်လဟာ One Championship ပြိုင်ပွဲရဲ့

မစ်ဒယ်ဝိတ်ချန်ပီယံပါ။ဂျူဂျစ်ဆုနည်းနဲ့ပြိုင်ဘက်ကို

တွယ်ပါတ်ချုပ်နှောင်ပြီးတိုက်ခိုက်တတ်လို့သူ့ကို

Burmese Pyton လို့ခေါ်ကြတယ်။မြန်မာစပါးကြီး

မြွေကြီးပေါ့။မြန်မာစပါးကြီးမြွေအောင်လဟာ

ရန်ကုန်မြေမှာပဲရှရှားလူသန်ကြီးဘစ်ဒစ်ကို

အနိုင်ယူပြီးကမ္ဘာ့ချန်ပီယံဘွဲ့ကိုရယူထားပြီးပါပြီ။

လာမယ့်နိုဝင်ဘာသုံးရက်နေ့မှာဆိုရင်သူ့အတွက်နောက်ထပ်

သမိုင်းဝင်ပြိုင်ပွဲတစ်ပွဲကီုရန်ကုန်မှာထပ်မံယှဉ်ပြိုင်မှာပါ။

သူနဲ့ယှဉ်ပြိုင်ဘက်ကတော့The Pantherကျားသစ်နက်လို့

နာမည်ပြောင်ရထားတဲ့Alain Ngalaniပါပဲ။

အကောင်ကြီးပေမယ့်လျင်မြန်တဲ့ခြေကန်ချက်တွေ

ထုတ်သုံးနိုင်သူဖြစ်ပါတယ်။အောင်လနဲ့လည်း

အကောင်တော်တော်ကွာတာမို့မြန်မာစပါးကြီး

ကျားသစ်နက်ကိုဘယ်လိုရင်ဆိုင်မလဲ

စိတ်ဝင်စားစရာပါ။

အောင်လအနေနဲ့ဒီပွဲမှာဘစ်ဒစ်ကိုယှဉ်ထိုးခဲ့သလိုမျိုး

မလုပ်သင့်ဘူးလို့ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။

သူတင်ကိုယ်တင်ယှဉ်ထိုးရင်အောင်လအရေးနိမ့်

နိုင်တယ်လို့သူတို့ကပြောပါတယ်။အောင်လကတော့

ဒီပွဲမှာAlainကိုအနိုင်ယူပြီးမြန််မာ့ဂုဏ်ဆောင်နိုင်အောင်

ကြိုးစားသွားမယ်လို့ပြောပါတယ်။မြန်မာ့သွေးကိုပြမယ့်

အောင်လကိုအားပေးကြပါစို့ပရိသတ်ကြီး။

ကိုယ့်လူကိုယ်ယံတယ်မဟုတ်လား။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။