မလေးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်အကြာက ဘာသာရေးကျောင်းမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ထိုမီးလောင်မှုဟာ တမင်သက်သက် ကြံစည်ခဲ့တာဖြစ်တယ်လို့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါ ဘာသာရေးကျောင်းရဲ့ သုံးထပ်အဆောင်ဝင်ပေါက်မှာ ဓာတ်ဆီကြောင့်မီးလောင်ကျွမ်းခဲ့ရတာ ဖြစ်ကြောင်း မီးသတ်ဌာန ညွန်ကြားရေးမှူးချုပ် Wan Mohd Nor Ibahim က သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်လက်ပြီးသူက "တွေ့ရှိချက်များအရ တမင်သက်သက် ကြိုတင်ကြံစည်မှုများကြောင့် ယခုလိုမီးလောင်မှုဖြစ်ခဲ့ရတာလို့" ပြောခဲ့ပါသေးတယ်။အခင်းဖြစ်ပွားရာနေရာမှာ Liquid petroleum gas (LPG) ပေါင်းအိုးနှစ်လုံးရဲ့ အဆို့ရှင်များမှာ ပွင့်လျက်ရှိနေတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။LPG ကြောင့် မီးဟာ အဆောင်တစ်ခုလုံးကို အလျင်အမြန် ပျံ့နှံခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် အဆောင်အတွင်းမှာရှိတဲ့ မီးလောင်လွယ်စေတဲ့ ပစ္စည်းများကြောင့် လည်း အချိန်တိုအတွင်း ဆိုးဆိုးဝါးဝါး လောင်ကျွမ်းစေခဲ့တာကြောင့် လူသေမှုများစွာလည်းရှိခဲ့တာလည်းဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ မီးလောင်ကျွမ်းမှုမှာ ကျောင်းသား ၂၁ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ဒါဟာ မလေးရှားနိုင်ငံရဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးဝါးဆုံး မီးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုနဲ့ ပတ်သတ်ပြီး သံသယရှိသူ ဆယ်ကျော်သက် ၇ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။