ယနေ့စက်တင်ဘာ(၂၂)ရက်နေ့ဟာ မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်။ သူမဟာ မွေးနေ့ကို အလှူဒါန်းများနှင့် ဖြတ်သန်းခဲ့ပါတယ်။ သူမရဲ့ We Love SPTZ Group အဖွဲ့သားများနဲ့ အတူ လှူဒါန်းမှုများပြုလုပ်ပြီး မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်

စိုးပြည့်ဟာ သန်လျင်မြို့နယ်ရှိ ဆုတောင်းပြည့် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့အလှူအဖြစ် သံဃာတော်များ၊ ကိုရင်များနျင့် မိဘမဲ့ကလေး (၅၀၀)ကျော်တို့အတွက် အာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဆန်အိတ်များနဲ့ ဝတ္တူငွေများလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မိဘကျေးဇူး သိတတ်တဲ့ စိုးပြည့်ဟာ သူမရဲ့ မွေးနေ့မှာ မိဘတွေကို ကျေးဇူးပြုတဲ့အနေနဲ့ အမှတ်တရ အဖြစ် သူမကိုယ်တိုင် သီဆိုထားတဲ့ မိဘမေတ္တာဖွဲ့တေးသီချင်းကိုလည်း သူမမွေးနေ့ဖြစ်တဲ့ ယနေ့မှာပဲ အွန်လိုင်းကနေ ဖြန့်ချီခဲ့ပါတယ်။ အကယ်ဒမီ စိုးပြည့်သဇင်ဟာ သရုပ်ဆောင်ကောင်းရုံတင်မက သီချင်လည်း အဆိုကောင်းတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ စိုးပြည့်လေးရဲ့ သီချင်းကို နားထောင်ပြီးပြီလား…?? နားမထောင်ရသေးရင် နားထောင်ပြီး အားပေးလိုက်ပါဦးနော်…

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။