ရုရှားနိုင်ငံ ရဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ် S-400 Triumf (နေတိုးအခေါ် SA-21 Growler) ဟာ ရုရှားနိုင်ငံ ရဲ့ Almaz Central Design Bureau ကနေ ၁၉၉၀ ခုနှစ်က စတင်ထုတ်လုပ်တဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက် စနစ်ထဲက နောက်ဆုံးပေါ် ဒုံးလက်နက်စနစ်လဲဖြစ်ပါတယ်။ ဒီဒုံးလက်နက်စနစ်ဟာ S-300 ဒုံးလက်နက်စနစ်ကို ပိုမိုခေတ်မှီ အောင် အဆင့်မြှင့်တင်ထုတ်လုပ်ထားတာလဲဖြစ်ပါတယ်။ ရုရှားတပ်မတော်မှာ ၂၀၀၇ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်နေတာလဲဖြစ်ပါတယ်။ ဒီဒုံးလက်နက်စနစ်ဟာ ဒုံးကျည်လေးခု ကိုသယ်ဆောင်နိုင်ပါတယ်။ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ် ဟာ ၂၀၁၇ ခုနှစ်မှာ အကောင်းဆုံးလေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ် အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။

S-400 ဟာ အမေရိကန်နိုင််ငံ ရဲ့ နာမည်ကျော်လေယာဉ်တွေကိုတောင်ပစ်ချနိုင်စွမ်းရှိပါတယ်။ ပစ်မှတ်တွေ အနေနဲ့ ပါ၀င်တဲ့ လေယာဉ်အမျိုးအစားတွေကတော့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် အမျိုးအစားတွေဖြစ်တဲ့ B-1, B-2, FB-111, B-52H, ခေတ်မှီတိုက်လေယာဉ်တွေဖြစ်တဲ့ F-15, F-16, F-35, F-22, နည်းဗျူဟာမြောက်ခရုစ်မစ်ဇိုင်းဖြစ်တဲ့ Tomahawk မစ်ဇိုင်း၊ တခြားကင်းထောက်လေယာဉ်အမျိုးအစားများ၊ လေကြောင်းရန်ကြိုတင်သတိပေးလေယာဉ်များ၊ ပဲ့ထိန်းဒုံးပျံများကို ပစ်ချနိုင်စွမ်းရှိပါတယ်။ ဒီဒုံးလက်နက်ဟာ ပစ်မှတ်ကို ၆၀၀ ကီလိုမီတာ အကွာကနေ ထောက်လှမ်းသိရှိနိုင်ပြီး တစ်နာရီကို ၁၇၀၀၀ ကီလိုမီတာ၊ တစ်စက္ကန့်ကို ၄.၈ ကီလိုမီတာ နှုန်းပျံသန်းတိုက်ခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဒုံးလက်နက်စနစ်ကို နိုင်ငံတိုင်း ကြောက်ရွ့ံကြပါတယ်။

၂၀၁၄ ခုနှစ်မတ်လ မှာတော့ ရုရှားသမ္မတ ပူတင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို S-400 ဒုံးလက်နက်စနစ်ကို ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မတ်လမှာတော့ အိန္ဒိယကို ရုရှားနိုင်ငံက S-400 ဒုံးလက်နက်စနစ်ရောင်းချဖို့သဘောတူညီခဲ့ပါတယ်။

Source: Wikipedia and Russia Military News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။