ရုရှားအစိုးရဟက်ကာများဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလ အတွင်း အမေရိကန်ပြည်ထောင်စု ပြည်နယ် ၂၁ ခု မှာ ရှိတဲ့ ရွေးကောက်ပွဲစနစ်တွေကို ၀င်ရောက်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အမေရိကန် အမိမြေလုံခြုံရေးဌာန မှ စက်တင်ဘာလ ၂၂ ရက် နေ့ သောကြာနေ့မှာ အသိပေးလိုက်ပါတယ်။ အမေရိကန်ပြည်နယ်တွေဖြစ်တဲ့ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ အိုဟိုင်းယိုး၊ စသည်တို့ ပါ၀င်ပါတယ်။

အလာဘားမား၊ အလာစကာ၊ ကိုလိုရာဒို၊ မင်နီဆိုးတား၊ တက္ကဆက် နဲ့ ၀ါရှင်တန်ပြည်နယ်များကလည်း သူတို့ဟာ ဟက်ကာတွေရဲ့ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံခဲ့ရပေမယ့် ဟက်ကာတွေအနေနဲ့ အောင်မြင် ခဲ့ခြင်းမရှိဘူးလို့ ရိုက်တာသတင်းဌာနကို ပြောာကြားသွားခဲ့ပါတယ်။ တခြားပြည်နယ်တွေဖြစ်တဲ့ အိုင်အိုဝါ၊ မေရီလင်း၊ နော့ဒါကိုတာ၊ ပင်ဆယ်ဗေးနီးယား၊ ဒီလာဝဲလ်၊ အိုရီဂွန််၊ ဗာဂျီးနီးယား စတဲ့ ပြည်နယ်များလည်း ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံခဲ့ရတယ်လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။

ဇန်နဝါရီလတုန်းကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင် ဟာ ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ဖို့၊ အမေရိကန်ဒီမိုကရေစီ ကို အားနည်းအောင်ပြုလုပ်ဖို့၊ ဟီလာရီကလင်တန် ရှုံးနိမ့်ပြီး ဒေါ်နယ်ထရန့် မဲအသာစီးရဖို့ လုပ်ဆောင်ရန် အမိန့်ပေးခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက မှတ်ချက်ချထားပါတယ်။

Source: International Business Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။