မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်း နဲ့ ဝုတ်ဘတ်အသင်းတို့ဟာ တဖက် ၂ ဂိုးစီးနဲ့ သရေကျ ပြီး အမှတ်ခွဲယူခဲ့ရတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမပိုင်းမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုးတွေ ခွင့်ပြုခဲ့ရလို့ ဝုတ်ဘတ်အသင်းကို အမှတ်ခွဲဝေပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်နည်းပြ အန်ဆယ်လော့တီကတော့ အသင်းမှာ နိုင်လိုစိတ်ပျောက်ဆုံးနေတယ်လို့ ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး၊ ရော်ဘင်၊ ရီဘာရီ၊ သောမက်မူလာ၊ ဗီဒယ်၊ ရူဒီ တို့ကို ထည့်သွင်းအသုံးပြူခဲ့တာလည်းဖြစ်ပါတယ်။ဝုတ်ဘတ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ အောရီဂီ၊ မာလီ၊ ဝီလီယံ၊ အာနိူး၊ ကမာချို၊ ဂွာလာဗိုဂွီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးပေါက်ကန်သွင်းချက်တွေကို ထိန်းချူပ်နိုင်ခဲ့တဲ့ ဝုတ်ဘတ်အသင်းကိုတော့ ချီးကျူးစရာလည်း ဖြစ်ခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကို ၃၃ မိနစ်မှာ လီဝန်ဒေါစကီးက ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၂ မိနစ်မှာတော့ ရော်ဘင်က ဘိုင်ယန်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ ဘိုင်ယန်တို့နှစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပေမဲ့ ဒုတိယပိုင်း ၅၆ မိနစ်အရောက်မှာတော့ အာနိုးက ဝုတ်ဘတ်အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။၈၃ မိနစ်အရောက်မှာ တော့ းီဒါဗီက အဖိုးတန် ၁ မှတ်အတွက် ချေပဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။