ဒီနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုအသင်းဟာ ဆီဗီလာအသင်းကို ၂ ဂိုး ဝ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင်၃ မှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ ယခုနိုင်ပွဲကြောင့် ဆီဗီလာအသင်းကို ဖြတ်ကျော်ပြီး အဆင့် ၂ နေရာကို တတ်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အက်သလက်တီကိုအသင်းဟာ တစ်ပွဲ ပိုကန်ထားပြီး ဘာစီလိုနာအသင်းနဲ့ ၁ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရက်စမန်း၊ ဗီရက်တို၊ ဆောလ်၊ ကိုကီ၊ ကာရက်စကို၊ ဂါဘီတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မူရီရယ်၊ ဆရာဘီယာ၊ ဗက်ကွက်၊ နာဗက်၊ ဘန်နီဂါ၊ အန်ဇွန်ဇီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းက အက်သလက်တီကိုအသင်းကို ပိုပြီးဖိအားပေးကစားနိုင်ခဲ့ပေမဲ့ အက်သလက်တီကို အဆုံးသတ်သေချာခဲ့တာကြောင့် နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၄၆ မိနစ်မှာကာရက်စကိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ၆၉ မိနစ်မှာ ဂရက်စမန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲကိုတော့ အက်သလက်တီကို အသင်းက ဝယ်ယူထားတဲ့ တိုက်စစ်မှူးဒီယေဂိုကော်စတာ လာရောက်ကြည့်ရှူခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။