ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီရီးယားလိဂ် ပွဲစဉ် မှာ အိမ်ရှင် ဝက်စ်ဟမ်း အသင်းကို စပါးအသင်းက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ သုံးမှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ ဟာရီကိန်းရဲ့ ဂိုးတွေနဲ့ ဦးဆောင်နေခဲ့ပေမဲ့ အိမ်ရှင်ဝက်ဟမ်းစ် အသင်းရဲ့ ရုန်းအားကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာကိုလည်းတွေ့မြင်ရပါတယ်။ယခု နိုင်ပွဲကြောင့် စပါးအသင်းဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပြီလည်းဖြစ်ပါတယ်။

ဝက်ဟမ်စ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာနန်ဒက်၊ အန်တိုနီယို ၊အမ်နူတိုဗစ်၊ ဇာဘလက်တာ၊ ခရက်ဝဲ၊ ကိုရာတီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ အလီ၊ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဆစ်စီခို၊ အော်ရီယာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ကစားကွက်ပိုင်းမှာရော ဂိုးကန်သွင်းချက်ပိုင်းမှာပါ စပါးအသင်းက သိသိသာသာ အသာရခဲ့တာကြောင့် ဒီပွဲဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တာလည်းဖြစ်ပါတယ်။ 

စပါးအသင်းအတွက်အဖွင့်ဂိုးကိုတော့ ၃၄ မိနစ်မှာ ဟာရီကိန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက် ၄ မိနစ်အကြာမှာပဲ စပါးအသင်းအတွက် ဒုတိယဂိုးကို ဟာရီကိန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာ စပါးအသင်းဟာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း မိနစ် ၆၀ မှာတော့ အဲရစ်ဆင် က တတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၆၅ မိနစ်မှာတော့ ဝက်ဟမ်စ်း အသင်း ချေပဂိုး စရခဲ့ပြီး ဒီဂိုးကိုတော့ ဟာနန်ဒက်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၈၇ မိနစ်မှာတော့ ကိုရာတီ က ဝက်ဟမ်းစ်အသင်းအတွက် ဒုတိယမြောက် ချေပဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၇၀မှာစပါးအသင်း ကစားသမား အော်ရီယာ နှစ်ဝါတစ်နီနဲ့ ထုတ်ခံခဲ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။