အတိုးချပြီး အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ့် ယွန်းယွန်း
အနုပညာလောကထဲကို ငယ်စဉ်ကလေးဘဝထဲက ဝင်ရောက်ခဲ့သူ ချစ်စဖွာ် အပြုအမူလေးတွေကြောင့် ပရိသတ်ချစ်ခြင်းကို ရရှိထားသူ လေးကတော့ ယွန်းယွန်းပဲ ဖြစ်ပါတယ်။ ခေတ်သစ်အနုပညာ သမိုင်းကြောင်းရဲ့ ပထမဆုံး ကလေးသရုပ်ဆောင်အကယ်ဒမီဆု ရရှိထားသူလေးလည်း ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာစာနှင့် ဇီဝဗေဒဘာသာ ဂုဏ်ထူးနှစ်ခုနဲ့ အောင်မြင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ အနုပညာသာမက ပညာရေးပိုင်းမှာပါ ထူးချွန်နေတဲ့ ယွန်းယွန်းလေး ရှေ့လျောက် ပညာရေးဘက်ကိုပဲ ဦးတည်သွားမှာလား အနုပညာအလုပ်တွေပဲ ဆက်လက်လုပ်ကိုင်သွားမှာလား ဆိုတာကို စိတ်ဝင်စားလျက်ရှိကြပါတယ်။
ယွန်းယွန်းကတော့ ရှေ့လျောက်သူမလုပ်ကိုင်မယ့် အစီအစဉ်တွေနဲ့ ပတ်သတ်ပြီးတော့ " အရင်ကလိုပဲ အနုပညာအလုပ်တွေကို ပညာတစ်ဖက်နဲ့ ဆက်လုပ်သွားဖို့ ရှိပါတယ်။ တစ်နှစ်လောက်လည်း နားပြီးပြီဆိုတော့ အတိုးချပြီး ဗီဒီယိုတွေ MTV တွေ ြ့ပန်ရိုက်ပါတော့မယ်။ ရုပ်ရှင်ကတော့ သမီးကို လာကမ်းလှမ်းရင် ရိုက်ဖြစ်မှာပါ" ဆိုပြီး ပြောသွားခဲ့ပါတယ်။
အခုဆိုရင်တော့ ယွန်းယွန်းလေးဟာ အရင်ကလို ကလေးသရုပ်ဆောင်နေရာကနေ သရုပ်ဆောင်မှာမဟုတ်ဘဲ ဆယ်ကျော်သက်သရုပ်ဆောင်တစ်ယောက် ဖြစ်လို့လာပါပြီ။ အနုပညာနယ်ပယ်က သူမအတုယူအားကျခဲ့ရတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကို စံထားပြီး အမှီလိုက်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ကဲ ရှေ့လျှောက် ကြော်ငြာတွေ MTV တွေ နေရာယူလာတော့မယ့် အကယ်ဒမီ ယွန်းယွန်း လေး ဘယ်လိုပုံစံမျိုးလေးနဲ့ ပေါ်ထွက်လာမလည်းဆိုတာကို စောင့်မျှော်ကြရအောင်လား ပရိသတ်ကြီးရေ…………
Local Celebrity News
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။