နိုင်ငံကျော်မင်းသားတစ်လက်ဆိုတာထက် ပရဟိတလုပ်ရတာပျော်မွေ့တဲ့ မင်းသားတစ်လက်လို့ ပြောရင်မမှားပါဘူး။

ပကာသနကင်းပြီး ဟန်ဆောင်မှုမပါတဲ့ သူ့လုပ်ရပ်တွေကြောင့် လူကြီးလူငယ်မရွေး ချစ်ခင်လေးစားခြင်းခံရသူဖြစ်ပါတယ်။

တစ်နိုင်ငံလုံးကပရိသတ်တိုင်းချစ်ကြတဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသားဝေဠုကျော် တစ်ယောက် လက်ရှိမှာ ရခိုင်ပြည်နယ်မောင်းတောဘက်က ဒုက္ခသည်စခန်းမှာ ကူညီကယ်ဆယ်ရေးတွေလုပ်ပေးနေတာပါ။

လက်တလောမှာတော့ ကိုယ်ကျိုးမကြည့်ပဲ အလုပ်တွေဆက်တိုက်လုပ်နေတဲ့ကိုဝေ တစ်ယောက် နေမကောင်းဖြစ်လို့ ဆေးကုသမှုခံယူလိုက်ရတယ်လို့သိရပါတယ်။

တပ်မတော်သားတွေရဲ့ ဆေးကုပေးတာကိုခံယူနေရတဲ့ ကိုဝေရဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာမို့ ပရိသတ်တွေကတော့ သူ့ကျန်းမာရေးအတွက် စိတ်ပူနေကြတာပါ။

အလုပ်တွေလုပ်တာမှန်ပေမယ့် ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါဦးဆိုပြီး ပရိသတ်တွေက အားပေးစကားတွေပြောပေးခဲ့ကြပါတယ်။

ဝေဠုကျော်နှင့်အဖွဲ့ဟာ မောင်တောက တောင်ပေါ်ရွာတစ်ရွာဖြစ်တဲ့ မီးရှို့ဖျက်စီးခံရတဲ့ ပဒကားကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြိုလူမျိုး အိမ်ထောင်စု(၃၇)စုအတွက် အိမ်အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အဝတ်အထည်များကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo - TrueMan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။