ချူဆီဇာတ်ကားကတော့ ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးနေတဲ့ကားတစ်ကားဖြစ်ပါတယ်။ထိုဇာတ်ကားမှာတော့ မင်းသားအဖြစ် ကျော်ထက်အောင်ကပါ၀င်ရိုက်ကူးထားတာဖြစ်ပါတယ်။မင်းသမီးတွေကိုတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတွေပါပဲ။ပါ၀င်သူတွေကတော့ အေးမြတ်သူ၊မယ်လိုဒီ၊အိချောပို၊နန်းဆုဦး၊မေ တို့ကအဓိပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

ပရိသတ်ကြိုက်နှစ်သက်တဲ့သရုပ်ဆောင်တွေဖြစ်ကြပါတယ်။ဒါရိုက်တာ မင်းဦးရိုက်ကူးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ ချူဆီဆိုတဲ့နာမည်လေးအတိုင်းပဲ မင်းသမီးတွေကတော့ ကေတီဗီမှာဧည်သည်တွေကို ဖျော်ဖြေပေးရတဲ့ မိန်းကလေးတွေနေရာကသရုပ်ဆောင်ရတာဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ သဘာဝကျကျရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ပရိသတ်အားပေးမှုများစွာရှိလိမ်မယ်လို့လဲ ထင်ပါတယ်။ချူဆီဇာတ်ကားရဲ့ သရုပ်ဆောင်ပုံရိပ်တွေကိုပရိတ်သတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။