"သူ့နာမည် ရွှေရုပ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဆောင်မင်းသမီးတစ်လက်အဖြစ်ပါ၀င်တဲ့ သင်ဇာဝင့်ကျော်ကတော့ ရိုက်ကူးစဉ်ဖြစ်တဲ့ ပရိုဂျူဆာ ရဲ့ ကိုယ်ချင်းစာစိတ်မရှိမှုနဲ့ ဒါရိုက်တာရဲ့ စကားပြောရင့်သီးမှုများကြောင့် အဆင်မပြေမှုများဖြစ်ခဲ့ရပြီး လျော်ကြေးငွေပြန်လျော်ကာ ဆက်မရိုက်ဖြစ်တော့ဘူးလို့သိရပါတယ် ။ မျက်လုံးထိခိုက်တဲ့ထိဖြစ်ခဲ့ရတဲ့ သင်ဇာဝင့်ကျော်က ရိုက်ကွင်းပေါ်က အဖြစ်မှန်တွေကို အောက်ပါအတိုင်း ဖွင့်ချပြောပြလိုက်ပြီး ဒီလိုပြောပြလို့ သူမကိုရင်ဆိုင်လာ မယ်တိုက်ခိုက်လာဦးမယ်ဆိုလဲ မကြောက်ပါဘူး လို့ဆိုပါတယ် ။ 

" ကျမဖြတ်သန်းလာတဲ့အနုပညာသက်တမ်းတလျှောက်အခုလိုမျိုးအနုပညာခေါင်းပုံဖြတ်တဲ့သူမျိုးတခါမှမ

တွေ့ဖူူူးပါဘူး...ခင်မင်ရင်နှီးမှုကိုအခွင့်ကောင်းယူပြီး

အခုလိုမျိုးလုပ်တာကျမပိုပြီးရင်နာရပါတယ်...ကိုယ်

စေတနာထားလဲစေတနာကိုမမြင်ကြပါလားလို့...

ကျမဒီ 'ရွှေရုပ်'ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုစပြီးလက်

ခံကတည်းက producer ကိုယ်တိုင် သရုပ်ဆောင်

မယ်ဆိုကတည်းကသူ့ဇာတ်ပဲဖြစ်မယ်ဆိုတာသိပြီး

သားပါ...ဒါပေမဲ့ director steel ကproducer ကိုယ်

တိုင်က ညီမနဲ့ပဲရိုက်ချင်တယ်ဒီဇာတ်ကို...ဒီနေရာမှာ

ဘယ်သူ့ကိုမှထဲ့မရိုက်ချင်ဘူူးဆိုလို့ ခုနောက်ပိုင်းအပြိုင်

ဇာတ်တွေကိုကျမပရိတ်သတ်တွေမရိုက်ခိုင်းတဲ့ကြားက

ခင်မင်မှုတွေနားလည်မှုတွေကိုရှေ့တမ်းတင်ပြီး ရိုက်ပေးဖြစ်ခဲ့ပါတယ်...စဌားတုန်:ကတော့သရဲလုပ်ရမယ်လို့

ပဲပြောပါတယ်...စီလီကွန်မိတ်ကပ်ကြီးအုပ်ပြီးတကားလုံး

သရုပ်ဆောင်ရမယ်လို့မပြောပါဘူး...စျေးစကား

ပြော..စာချုပ်မှာလက်မှတ်ထိုးပြီးမှ...စီလီကွန်အုပ်ဖို့အ

တွက် ပုံစံခွက်လာယူရမယ်တို့ဘာတို့ပြောပါတယ်...စရံလာပေးမှ scene စာရွက်ကြည့်လိုက်တော့ ရscene ပဲပါပါတယ်...ဒီအထိကျမဘာမှမပြောသေးပါဘူူး

ပေးထားတဲ့ကတိတခုကိုမဖျက်ချင်တဲ့စိတ်နဲ့ကျမလက်ခံခဲ့ပါတယ်... စာချုပ်ဆိုတာကလဲသူတို့ producer ဖက်ကတဖက်သက်ချုပ်ထားတဲ့စာချုပ်ပါ...အခုလိုမျိုးမျက်နှာကိုစီလီကွန်တွေကပ်လို့ ကျမမျက်နှာအရေပြားပျက်စီးသွားခဲ့ရင်လျှော်ကြေးပေးမယ်တို့ဘာတို့လဲမပါပါဘူူး...ဒါကလဲစာချုပ်လက်မှတ်ထိုးတဲ့အထိဒီစီလီကွန်

ကိစ္စကို

မပြောလို့ဒီလောက်အခြေအနေထိဖြစ်လာမယ်မထင်လို့ကျမထိုးပေးခဲ့တာပါ...ကံဆိုးတယ်လို့ပဲပြောရမလား? ကံကောင်းတယ်လို့ပဲပြောရမလား? ဒီကားဝင်ရတော့မဲ့

ရက်မှာပဲပြည်ကရုပ်ရှင်ကားကြီးကရက်အနည်းငယ်

နောက်ဆုတ်သွားလို့ရိုက်မဲ့ရက်တိုက်သွားပါတယ်...

ရွှေရုပ်ဇာတ်ကားကိုစာချုပ်မှာလဲလက်မှတ်ထိုးပြီးသွားပြီ

မို့လို့ကျမရက်ညှိုပြီးရအောင်ရိုက်မယ်...ပြည်နဲ့ရန်ကုန်

ဖြစ်ပေမဲ့ ပင်ပန်းလဲပင်ပန်းပါစေ...ပြည်မှာလဲ ရာသီဥတု မကောင်းတဲ့ကြားက day night တွေရိုက်နေတဲ့ကြားက

ဒီဘက်ကဒါရိုက်တာကြီးကိုရောကိုယ့်ထက်ဝါရင့်တဲ့

သရုပ်ဆောင်ကြီးတွေကိုပါခွင့်တောင်းပြီး မဖြစ်ဖြစ်

တဲ့ကြားက လာရိုက်ပေးရတာပါ...ပြောရမယ်ဆိုရင်

ခရီးလဲပန်း အိပ်ရေးလဲမဝပါဘူး...ဒီနေ့လိုညမျိုး

ရောက်တယ်ဆိုရင် နောက်နေ့မနက် စောစောထ

ဘုရားရှိခိုးရှုတင်အတွက်ပြင်ဆင်ပြီး တာနဲ့ ရှုတင်

သွား နှစ်ဆင်းရိုက်...စရိုက်တဲ့ဆင်းန်ကတော့ မသေခင်

ဆင်န်း ၂ ဆင်းပါ ပထမဆင်းကတော့ show ပွဲမသွား

ခင်အမေနေမကောင်းလို့ဆေးတိုက်တဲ့ဆင်းပါ...

နောက်တဆင်းကအမေ့ကိုမွေးနေ့အတွက် ဆေးရုံမှာ

ခန္ဓာကိုယ်တခုလုံးကိုလှုလိုက်ပြီဆိုတာပြောတဲ့ဆင်းပါ....

ဒါကလဲသူရိုက်ချင်ရင် ဒီစကားတွေကအရေးကြီးတာကို

မျက်နှာအကြပ်ရိုက်လို့ရပါတယ်...အဲ့ဒီလိုမရိုက်ပဲ အဝေး

ကနေကားမောင်းလာတဲ့shot မှာပဲအသံသွင်းခိုင်းပြီး

အသံထပ်လိုက်ပါတယ်...အဲဒီမှာကျမစဉ်းစားမိလိုက်တာကအော်ကျမပါတာမှရဆင်းလေး မသေခင်ရုပ်ကိုတောင်

သေချာလေးတောင်မရိုက်ပေးပါလားလို့... ဒါပေမဲ့လဲ

အလုပ်ပဲလေဆိုတဲ့စိတ်နဲ့ ထားလိုက်ပါတယ်...ပြီးတော့

သရဲမိတ်ကပ်စလိမ်းရပါတယ် နေ့လည် ၁၂ ခွဲကစပြီး

တော့ စီလီကွန်တွေကိုကော်နဲ့ကပ် ကော်ကလဲအပြင်း

စားကော်ပါ...မျက်လုံးတွေတောင်စပ်ပါတယ်...လိမ်း

တာကလဲတစ်နာရီလောက်ကြာပါတယ်...လိမ်းနေရင်း

နဲ့ အော်....ဒီပစ္စည်းတွေနဲ့ငါ့အသားနဲ့မတည့်လို့ငါ့အသား

ပျက်စီးသွားရင်တော့ဒုက္ခပဲ...ငါလုပ်ရမဲ့အလုပ်တွေ

ရှိသေးတယ်...ဒါပေမဲ့လဲမလုပ်လို့မှမရတာလေဆိုတဲ့

စိတ်နဲ့ပဲသည်းခံလိုက်ပါတယ်...လိမ်းပေးတဲ့သူကတော့

လိမ်းပေးတဲ့ပစ္စည်းတွေကိုသူလက်လှမ်းမှီသလောက်

အကောင်းဆုံးသုံးမယ်ဆိုတာကျမယုံပါတယ်...ဒါပေမဲ့

ကျမအသားကပါးတော့ တခုခုဖြစ်ခဲ့ရင်ပိုထိခိုက်လွယ်ပါတယ်...ဒါပေမဲ့လဲဘုရားစာလေးဆိုပြီးပဲအလိမ်းခံလိုက်ပါတယ်...လိမ်းပြီးတော့နှစ်ကပ်ရိုက်ရပါတယ်...ရိုက်ပြီး

သန်လျင် river view ဟိုတယ်ကိုရွှေ့ပါတယ် ...ဟိုရောက်တာပဲ၆ နာရီခွဲရှိပါပြီ ...ကျမကို အဲဒီမိတ်ကပ်ကြီးနဲ့

ထိုင်စောင့်ခိုင်းပြီး ၁၀နာရီခွဲကျော်မှ လာခေါ်ပါတယ်..၁၁

နာရီကျော်မှရိုက်ရပါတယ်... အဲ့ဒီမိတ်ကပ်လိမ်းထားတဲ့

အတွက် ပါးစပ်လဲတဝက်ပဲဟလို့ရလို့ အစားလဲကောင်း

ကောင်းစားလို့မရပါဘူး...ဗိုက်ကလဲတော်တော်ကိုဆာ

နေပါပြီ...ရာသီဥတုကလဲပူတော့အတွင်းမှာချွေးတွေ

ထွက်ပြီးယားလာပါပြီ...အဖတ်ကြီးကပ်ထားလို့ကုတ်

လို့လဲမရပါဘူး...တော်တော်ကိုအနေရခက်ပါတယ်...

ရိုးရိုးတမ်းတမ်းထိုင်စောင့်ဆိုကျမထိုင်စောင့်နိုင်ပါတယ်....ဒါပေမဲ့လဲကျမသည်းခံပြီးစောင့်ပါတယ်...ကျမပါတဲ့ဆင်းကို၁၁ကျော်လောက်ထဲကရိုက်တာ ၁:၃၀

လောက်မှာပြီးပါတယ်...နောက်တဆင်းထပ်ရိုက်ရဦးမှာပါ...၁:၃၀ ထိမပြီးသေးပါဘူး...ရိုက်တာကလဲ တဖြတ်တကဒ်

ပါ...ဇာတ်ကားထွက်လို့ကြည့်မယ်ဆိုရင်တောင် ကျမလို့

မပြောရင်ဘယ်သူမှကျမမှန်းတောင်းမသိလောက်ပါဘူး

အဲ့ဒါနဲ့များ အဲဒီသရဲဆင်းတွေကို လူစားထိုးပြီးရိုက်ရင်လဲရိုက်လို့ရပါတယ်...တမင်သက်သက်ကျမကိုပိုက်ဆံ

ပေးနိုင်တယ်ဆိုပြီးအနုနည်းနဲ့ခေါ်နှိပ်စက်ထားသလိုပါပဲ...အဲဒါနဲ့ကျမလဲတဆင်းပြီးတော့ ကိုဆာမိရိုက်ဦးမှာ

လားလို့မေးတာကို...သူ့ဘက်ကဒေါသနဲ့ပြန်ဖြေပါတယ်

ခြုံငုံကြည့်ရင်မင်းသမီးတယောက်ကိုသူဒီလိုမျိုးမဆက်

ဆံသင့်ပါဘူး...လုပ်လာတဲ့သက်တမ်းတလျှောက်ဒီလိုမျိုးအပြောအဆိုအဆက်အဆံမခံရဘူးပါဘူး...အသက်

ကြီးကြီးငယ်ငယ်respect ဆိုတာရှိရပါမယ်...ပညာတတ်တဲ့ဘယ်သူမဆိုrespect ဆိုတာကိုနားလည်ပါတယ်

အဲဒီနေ့ညကလူရှေ့သူရှေ့မှာသူပြောဆိုပြုမူဆက်ဆံလိုက်တဲ့ပုံစံကြောင့် ကျမတော်တော်လေးကိုနာသွားပါ

တယ်...လူတိုင်းကစေတနာနဲ့တကယ်မတန်တာပါ...

သူတို့အလုပ်ဖြစ်ဖို့အတွက်ပင်းပန်းနေတဲ့ကြားကလှမ်း

မဖျက်ပဲရိုက်ပေးတာတောင်နောက်ဆုံးရလဒ်ကတော့

ဒါပါပဲ ... နာရီ ၁၂နာရီကြာသရဲမိတ်ကပ်ကြီးလိမ်း ပြီး

စောင့်ခဲ့ထားခဲ့တဲ့စေတနာတွေနဲ့မတန်ပါလားနော်...ဒီလိုနေရာမျိုးမှာရိုက်ဖို့ကျမလို တန်းထဲကကြိုက်

တဲ့မင်းသမီးချိတ်ကြည့်ပါ ဒီလိုခုနှစ်ဆင်းနဲ့ဘယ်သူရိုက်

ပေးမှာလဲ? ပိုက်ဆံမက်လို့ရိုက်တာလို့ပြောမယ်ဆိုရင်လဲ

ကျမမိဘတွေကျမမင်းသမီးမလုပ်ခင်ထဲကကျမတို့သား

သမီးလေးယောက်လုံးကို မျက်နှာမငယ်ရအောင် လို

လေသေးမရှိအောင်ထားခဲ့တယ်...ပိုက်ဆံဆိုတာအခုမှ

မြင်ဖူးတာမဟုတ်ပါဘူး...ဒီအလုပ်ကိုလဲကျမချစ်လို့လုပ်နေတာပါ...သူများမင်းသမီးတွေစျေးတက်လဲ

ကျမမတက်ဘူး...တန်ရာတန်ကြေးပဲတောင်းတယ်

ခင်မင်မှုနဲ့လျှော့ပေးပါဆိုလဲလျှော့ပေးတယ်...အလုပ်

လုပ်ရင်လဲခင်မင်မှုနားလည်မှုယုံကြည်မှုစေတနာတွေ

နဲ့အလုပ်လုပ်တယ်...ဒါပေမဲ့အဲ့ဒီနေ့ညကသူတို့ဆီမှာ

အဲ့ဒီလိုစိတ်ဓာတ်မျိုးမရှိဘူးဆိုတာသိလိုက်တယ်

တဆက်ထဲမှာပဲအဲဒီလိုအပြောအဆိုခံပြီးထိုင်စောင့်

နေတာတောင် ရပြီပြန်လိုက်တော့ဆိုပြီးအစေခံ

မောင်းထုတ်သလိုမောင်းထုတ်ခံလိုက်ရသေးတယ်

Producer ဆိုတာ director ကိုနိုင်ပါတယ် သူပါးစပ်

ကသာ သင်ဇာသနားပါတယ် အနေရခက်မှာပဲလို့

ပြောနေမဲ့အစား တကယ်သနား ရင် ကိုဆာမိရေ

သင်ဇာ့ကိုအရင်ရိုက်ပေးလိုက်ပါ သူအနေရခက်နေ

တယ်လို့ကျမသာသူ့နေရာမှာဝင်ပြောပေးမိမှာပါ...

River view ဟိုတယ်အခန်းထဲမှာ သူကျမကိုကိုက်လန်

ကြော်မှာကျွေးလို့ စားနေတာ စားဖို့ခက်ခဲနေတာ

လဲသူမြင်နေတာပဲ...ဒါလဲငါသာသူ့နေရာမှာသာဆိုရင်ဆိုတဲ့ကိုယ်ချင်းစာ

စိတ်မရှိလို့နေမှာပါလေ....director ပြန်ခိုင်းလို့

ပြန်မယ်လို့စိတ်ဒုံးဒုံးချပြီး ပြန်မယ့် အချိန်မှာ မိတ်ကပ်

ဆရာကမိတ်ကပ်လာဖျက်ပေးပါတယ်...ကျမကလဲ

အရမ်းအနေရခက်နေလို့ သူ့မှာလဲတုန်တုန်ယင်ယင်

နဲ့ဖျက်ပေးရှာပါတယ်....ကပ်ထားတဲ့ကော်တွေကအပြင်းစားတွေမို့လို့ အရက်ပြန်လို remover နဲ့ဖျက်ရပါတယ်

ဖျက်ရင်းremoverအရည်တွေမျက်လုံးထဲဝင်သွားလို့ ကျမမှာအ

တော်ကြာမျက်လုံးမဖွင့်နိုင်ပါဘူး...ဖွင့်လိုက်တော့လဲ

အရမ်းစပ်ပါတယ်...မျက်လုံးဆေးဖို့ရေတောင်လာမပေး

ကြပါဘူး...နောက်နေ့တရက်လုံးလဲမျက်လုံးရဲ ပြီးဝါးနေပါတယ်....ကျမလဲတော်တော်စိတ်ကုန်ပြီး စရံငွေပြန်

ပေးပါ့မယ် မရိုက်နိုင်တော့ပါဘူးလို့...ဘာကြောင့်မရိုက်

နိုင်တော့လဲဆိုတာကို shooting manager ကိုပြောပြလိုက်ပါတယ်... ဒါတောင် producer ကိုယ်တိုင်ဖုန်း

လေးတချက်ဆက်မမေးပဲ ဒီနေ့မနက်မှာ ကျမအမေ

ဆီကိုဖုန်းဆက်လာပါတယ်...စရံငွေသုံးဆနဲ့ အဲ့ဒီနေ့နဲ့ ညရိုက်တဲ့ရူတင်စရိတ်တွေအကုန်ပြန်လျော်ပေးရပါမယ်

တဲ့...ဒါကလဲသူတို့တဖက်သက်ချုပ်ထားတဲ့စာချုပ်ကိုလက်မှတ်ထိုးခဲ့လို့သာကျမပေးရတော့မှာ...

စာချုပ်ချုပ်

တယ်ဆိုတာကလဲနှစ်ဦးသဘောတူချုပ်ရင် သူ

တစောင်ကိုယ့်ကိုတစောင်ပေးရပါမယ်...မရိုက်ဖြစ်တော့ဘူးဆိုမှအိမ်ကိုစာချုပ်ဆိုပြီးလာပေးသွားပါတယ်

ကျမမျက်လုံးထိခိုက်မှုအတွက်သူတို့ကိုပြသနာရှာ

မယ်ဆိုရှာလို့ရပါတယ်...ဒါပေမဲ့မဆိုင်တဲ့မိတ်ကပ်ဆရာထိခိုက်မှာဆိုးလို့ကိုယ့်ကိုယ်ကြိုးအတွက်ပဲကြည့်ပြီး

ကျမမလုပ်ပါ...ပိုက်ဆံပဲသူတို့စိတ်ကျေနပ်တဲ့အထိ

လျော်ပေးမှာပါ...လျော်ပေးတာကလဲရှိလွန်းလို့မဟုတ်ပါ

ဘူး....အနုပညာနဲ့ပဲဝမ်းစာရှာတဲ့ကျမအတွက်ကိုယ့်အမှားလဲမရှိ ကိုယ်တိုင်လဲထိခိုက်နစ်နာရပြီးပြန်ပေးလိုက်ရတာကို နှမြောလွန်းလို့ပါ...နောက်နောင်အခုလိုမျိုးကိုယ်ချင်းစာစိတ်

မရှိတဲ့လူမျိုးတွေနဲ့မဆုံတွေ့ရပါစေနဲ့...ဝဠ်ရှိရင်လဲအမြန်

ဆုံးကြေပါစေလို့ဆုတောင်းပါတယ်ရှင်...

ဒါကတော့ကျမခံစားဖြစ်ပျက်ခဲ့ရတဲ့အဖြစ်အပျက်မှန်တွေပါ....သက်သေတွေလဲရှိတဲ့အတွက်ကျမကိုရင်ဆိုင်လာ

မယ်တိုက်ခိုက်လာဦးမယ်ဆိုလဲကျမမကြောက်ပါဘူး....

Video record တွေနဲ့ရင်ဆိုင်ဖို့အသင့်ပါ.... "  

သရုပ်ဆောင် မိုးဟေကိုရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး MOE Film Production ကရိုက်ကူးတဲ့ "သူ့နာမည် ရွှေရုပ်" ရုပ်ရှင်ဇာက်ကားကြီးကို သရုပ်ဆောင် မိုးဟေကို၊ သဥ္ဇာဝင့်ကျော်၊ ထွန်းကိုကို၊ ထူးခြား၊ နေရဲ၊ မင်းခ၊ သိန်းလင်း၊ ရဲရင့်ထူး၊ နေ နှင့် ဇင်ဝိုင်း တို့နဲ့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က စက်တင်ဘာ ၁၁ ရက်နေ့ကရွှေတိဂုံဘုရားမှာ ကန်တော့ပွဲပေးပြီး ရိုက်ကူးနေတာပါ ။ ယခု သင်ဇာဝင့်ကျော် နှုတ်ထွက်သွားပြီမို့ မင်းသမီးအစားထိုးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။