မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဟာ သြဂုတ်လ (၂၃)ရက်နေ့စနေနေ့နဲ့ သြဂုတ်လ (၂၄)ရက်နေ့ တနင်္ဂနွေနေ့မှာအမှုဆောင်ရွေးကောက်ပွဲကိုကျင်းပတာဖြစ်ပါတယ်။

သရုပ်ဆောင်တော်တော်များများကလာရောက်မဲပေးခဲ့ကြပါတယ်။လာရောက်မဲပေးတဲ့ သရုပ်ဆောင်တွေကလည်း ပျော်ပျော်ရွှင်ရွှင် စုစုရုံးရုံးနဲ့မဲပေးနေကြပါတယ်။

ဒါရိုက်တာ သားညီကလည်း ဒီရွေးကောက်ပွဲမှာ ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန်မဲပေးကြပါဆိုပြီး ပြောထားပါသေးတယ်။ဒီရွှေးကောက်ပွဲမှာ သရုပ်ဆောင်ထဲမှာ ပထမနေ့မှာတော့ ဒါရိုက်တာညီညီထွန်းလွင် မဲအများဆုံးရရှိထားတယ်လိုလဲသိရပါတယ်။အရင်ဥက္ကဠဖြစ်တဲ့ သရုပ်ဆောင်လူမင်းတော့ပြန်လည်ရွေးကောက်ခံခြင်းမရှိတော့ပါ။

။ပါ၀င်ရွှေးကောက်ခံသူတွေကတော့ ခင်မို့မို့အေး၊ဇော်ဇော်အောင်၊ညီညီမင်း၊တင်တင်မိ(ခ)ဒေါ်တူ၊ရဲမွန်၊ဦးဝင်းမြိုင်၊အေးအေးခိုင်၊

အောင်ဇော်မင်း၊အေဏီဇော်၊အောင်ခိုင် တို့တော့ဒီနေ့မဲပေးပွဲမှာ ပါ၀င်ရွေးကောက်ခံထားခဲ့ကြတာဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ကျော်ဇင်ထွဋ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။