ယနေ့ စက်တင်ဘာ(၂၄)ရက်နေ့ဟာ ဟာသ သရုပ်ဆောင် ဦးခင်လှိုင်ရဲ့ သားဖြစ်သူ သရုပ်ဆောင်မင်းသား နေရဲ ရဲ့ (၂၃)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပါတယ်။ ဦးခင်လှိုင်ဟာ သားဖြစ်သူရဲ့ မွေးနေ့မှာ မွေးနေ့အလှူအဖြစ် လက်ဖော်ကိုင်ဖက်များကို ဂျာကင်အနွေးထည်များ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဦးခင်လှိုင် အသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

“ဒီနေ့ 24.9.2017 နေ့မှာ ကျရောက်တဲ့ ကျနော်ရဲ့ သားငယ်လေး “သရုပ်ဆောင်နေရဲ” ၏ မွေးနေ့အလှူလေးတစ်ခု အဖြစ် ယခု ပြင်ဦးလွင်မှာ ကျနော်နှင့် အတူ ရိုက်ကူးနေသော စက်မှုလုပ်သားများကို ဂျာကင်အနွေးထည်လေးများ လှူဒါန်းခဲ့ပါသည်” ဟု ပြောထားတာ ဖြစ်ပါတယ်။ ဦးခင်လှိုင်ဟာ သားဖြစ်သူရဲ့ မွေးနေ့မှာ အလုပ်ကြောင့် ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်နေတဲ့အတွက် ရန်ကုန်မှာ အတူမရှိပေမယ့်လည်း မွေးနေ့အလှူ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

မွေးနေ့ရှင် နေရဲကတော့ မွေးနေ့အလှူအဖြစ် ရွှေတိဂုံဘုရားမှာ ဘုရားဖူးပြီး ရွှေသင်္ကန်းကပ်လှူပြီး လျှပ်စစ်မီးအလှူတော်ငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သရုပ်ဆောင်နေရဲဟာ ဖခင်ဖြစ်သူလိုပဲ အနုပညာဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်ရိုက်ကူးနေပြီး လတ်တလောမှာတော့ “သူ့နာမည် ရွှေရုပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။