အများစိတ်ဝင်စားခဲ့ကြတဲ့ Glaxy Star သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Winner ဆုကို ရရှိခဲ့သူ နေမင်းအိမ်ကတော့ ဆုအဖြစ် ဆုကြေးငွေနှင့်အတူ ကြိုတင်ကြော်ငြာထားသောတစ်ကိုယ်တော် Alblum ထုတ်လုပ်ပေးမည် ဆိုသည့် ကိစ္စရပ်ကို ထုတ်လုပ်ပေးမည့် Namin Entertainment ဘက်က ပြောင်းလဲမှုအချို ့လုပ်ခဲ့သောကြောင့် စာချုပ်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ပြီး တစ်ကိုယ်တော်အယ်လ်ဘမ်တစ်ခွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ် ။

“Namin Entertainment နဲ့ပတ်သက်တဲ့စာချုပ်ကို ကျွန်တော့်အနေနဲ့ တရားဝင်ဖျက်သိမ်းလိုက်ပါပြီ။ ကျွန်တော်နဲ့ Namin Entertainment ဟာ ရှေ့လျှောက်ပြီး ဆမ်ဆောင်း၊ အော်ရီဒူးကဖျော်ဖြေရမယ့် Glaxy Star Top Ten Finalist တွေကို စာချုပ်ချုပ်ပေးထားတဲ့ဖျော်ဖြေပွဲတွေမှာ အတူတူတွေ့ဆုံမှုကလွဲပြီး ကျန်သောဖျော်ဖြေပွဲတွေ၊ ဂီတနဲ့ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှုတွေက ကျွန်တော်နေမင်းအိမ်ရဲ့ ဆုံးဖြတ်ချက်၊ ဆုံးဖြတ်ခွင့်နဲ့ ရှေ့ဆက်သွားမှာဖြစ်ပါတယ်”လို့ Galaxy Star 2017 ရဲ့ Winner ဆုရှင် နေမင်းအိမ်က Akhayar Media ရဲ့ အင်တာဗျူးတစ်ရပ်မှာ ဆိုထားတာပါ ။ 

Glaxy Star 2017 Winner အနေနဲ့ ဆုငွေကျပ်သိန်းတစ်ထောင်အပြင် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခွင့်ရမှာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ Stage Show တွေမှာ ဖျော်ဖြေခွင့်ချိတ်ဆက်ပေးမယ်လို့ကြိုတင်ကြေညာထားခဲ့ပေမယ့်လည်း

“အခုကြားနေတာက Top Ten Finalist တွေ ပါဝင်မယ့် အဖွဲ့လိုက်သီချင်းခွေပဲ ထုတ်ပေးမယ်လို့ကြားရတဲ့အပြင် မီနီအယ်လ်ဘမ်အသေးစားပဲ ထုတ်ပေးမယ်လို့ ကြားနေရပါတယ်။ အမှန်က တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ပေးမယ်လို့ အစကတည်းက ပြောထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဒီပြိုင်ပွဲဝင်ပြိုင်တာက World Star ဖြစ်ချင်လို့မဟုတ်ပါဘူး။ အောင်မြင်ချင်လို့ပြိုင်ခဲ့တာပါ။ ပရိသတ်ရင်ထဲရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့် ပို့ပေးနိုင်ခဲ့တာကြောင့် ဒီအကျိုးကျေးဇူးခံစားရတယ်လို့ထင်ပါတယ်။ ကုမ္ပဏီဘက်က ပြောင်းလဲမှုအစီအစဉ်ရှိတဲ့အတွက် ဘာတုန့်ပြန်မှုမှ မလုပ်ပါဘူး”ဟု နေမင်းအိမ်က ဆိုပါတယ်။

“စာချုပ်ဖျက်သိမ်းတာကို သူတို့ဘက်ကကြေညာမလားဆိုပြီးကြည့်ခဲ့ပေမယ့် စောဒကမတက်ခဲ့ပါဘူး။ အမှန်ဆို မီဒီယာတွေရှေ့မှာ စာချုပ်ဖျက်သိမ်းကြောင်း တရားဝင်ကြေညာပြီး Winner ဆုကို တရားဝင်လွှဲအပ်ကြောင်းကို စာချူပ်အသစ်တစ်ခုနဲ့ ချုပ်ဆိုလက်မှတ်ရေးထိုးရမှာပါ။ Winner ဆုရတယ်ဆိုတာကို အခမ်းအနားနဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးလက်ခံရမှာပါ။ မြန်မာနိုင်ငံရဲ့တရားဥပဒေက ဒီလိုရေးထိုးရမယ်လို့ ထင်ပါတယ်”လို့ နေမင်းအိမ်ကပြောကြားထားပါသေးတယ် ။

နေမင်းအိမ်ဟာ Glaxy Star ပြိုင်ပွဲတစ်လျှောက်လုံးမှာ ဒိုင်တွေ စိတ်တိုင်းကျစေမယ့် အဆိုစွမ်းရည်ကို ထုတ်ပြနိုင်ခဲ့ပြီး Voting တွေ အပြည့်အဝထောက်ပံ့ပေးတဲ့ အမာခံပရိတ်သတ်တွေကိုလဲ ပိုင်ဆိုင်ထားတဲ့ အဆိုရှင်တစ်ယောက်ဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Akhayar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။