အနုပညာလောကထဲ တကျော့ပြန်ဝင်ရောက်လာတဲ့ မယ်လိုဒီနဲ့ပတ်သက်ပြီးတော့ အိချောပိုက အခုလိုပဲပြေလိုက်ပါတယ်။ “ထာဝရအလင်းတန်း” ဇာတ်ကားနဲ့အတူ သရုပ်ဆောင် မယ်လိုဒီက အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ သားလေးမွေးထားတဲ့ မိခင်တစ်ယောက်ပါ။ မယ်လိုဒီ ရဲ့သားလေးယခင်အမည်ကတော့ ဘုန်းပြည့်သားကောင်းဖြစ်ပြီးသိဒ္ဓိစစ် လို့ နာမည်ပြောင်းထားတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ အိချောပိုနဲ့မယ်လိုဒီတို့အတူပါ၀င်သရုပ်ဆောင်ထားတဲ့ ချူဆီဇာတ်ကားကိုရိုက်ကူးနေပါတယ်။အခုလို မယ်လိုဒီနဲ့အိချောပိုတို့တွေ့ဆုံစဉ်မှာတော့ အိချောပိုက မယ်လိုဒီနဲ့ပတ်သက်ပြီးတော့ “အရမ်းချောပြီး အငယ်တွေပေါ်အလျှော့ပေးစေတနာထားတတ်တဲ့ ချစ်မမယ်လိုဒီလေးနဲ့အမှတ်တရ... ❤️ ❤️ ❤️

မမျိုးပြောတဲ့စကားလေးကိုအရမ်းလေးစားမိတယ်...( ကိုယ်ကအကြီးကိစ္စမရှိဘူး အငယ်ကလေးတွေကိုဦးစားပေးလိုက်တဲ့ ) အားလုံးကိုယ်စားကျေးဇူးပါချစ်မ... ? ? ” လို့ဆိုလိုက်ပါတယ်။

ချူဆီ ဇာတ်ကားက အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ငါးကားမြောက် ဇာတ်ကားဖြစ်ပြီး မင်းဦးက ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ ပွဲဦးထွက်လက်ရာဖြစ်ပါတယ်။ စုမောင်မောင်ဇာတ်လမ်းကို ဇာတ်ညွှန်း မိုးနီလွင်က ရေးသားထားတဲ့ ချူဆီဇာတ်ကားမှှာမင်းသား ကျော်ထက်အောင်၊ မင်းသမီး မယ်လိုဒီ၊ အေးမြတ်သူ၊ အိချော ပို၊ မေနှင့် နန်းဆုဦးတို့ ပါဝင် သရုပ်ဆောင်မှှာပါ။

Aung

Source: အိချောပိုဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။