အကြည့်တစ်ချက်ကတော့ ခပ်ရွဲရွဲအကြည့်နဲ့ ကြွေလောက်ပါတယ်။ ကျော်ထက်အောင်ရဲ့ အကြည့်တွေက ကျားရဲတစ်ကောင်လိုစူးရှလှပါတယ်။ ကျော်ထက်အောင် အကြည့်နဲ့တင် ချူဆီတွေကိုဘယ်လိုထိန်းသလဲဆိုတာ ရင်ခုန်ဖို့ကောင်းလှပါပြီ။သူငယ်တစ်ဖြစ်လဲ ကျော်ထက်အောင် ချူဆီအတွက် မင်းသမီး (၅)ယောက်နဲ့အပြိုင် ဘယ်လို သရုပ်ဆောင်မလဲဆိုတာကတော့ ဒါရိုက်တာ မင်းဦး ပုံဖော်ရိုက်ကူးနေတဲ့ “ချူဆီ” ဇာတ်ကားမှာ အဖြေရှာနိုင်မှာပါ။

ပရိသတ်တွေကတော့ ပုံတွေကိုကြည့်ပြီးတော့ “အယ်မ ဘေးကိုဟိုဘက်နဲနဲတိုးခိုင်းပါဗျာ မခံစားနိုင်လွန်းလို့” ၊ “အကြည့်တချက်” ၊ “ဒီအကြည့်တချက်ကတော့ချူဆီပဲ” ၊ “ဒီဇာတ်ကားမြန်မြန်ပြီးပါစေဗျာ” စသဖြင့် ကျော်ထက်အောင်ပရိသတ်တွေက ဆိုထားပါလေရဲ့။

ချူဆီ ဇာတ်ကားက အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ငါးကားမြောက် ဇာတ်ကားဖြစ်ပြီး မင်းဦးက ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ ပွဲဦးထွက်လက်ရာဖြစ်ပါတယ်။ စုမောင်မောင်ဇာတ်လမ်းကို ဇာတ်ညွှန်း မိုးနီလွင်က ရေးသားထားတဲ့ ချူဆီဇာတ်ကားမှှာမင်းသား ကျော်ထက်အောင်၊ မင်းသမီး မယ်လိုဒီ၊ အေးမြတ်သူ၊ အိချော ပို၊ မေနှင့် နန်းဆုဦးတို့ ပါဝင် သရုပ်ဆောင်မှှာပါ။

Aung

Source: ကျော်ထက်အောင်ဖေ့စ်ဘွတ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။