လွန်ခဲ့တဲ့ (၃)နှစ်ကျော်လောက်ကဆိုရင်တော့ အခုလို ကင်မရာစုံတွဲပါ စမတ်ဖုန်းတစ်လုံး ဖြစ်တည်ဖို့ဆိုတာ စိတ်ကူးယဉ်နည်းပညာတစ်ခုပါ။ယနေ့ခေတ် (၂၁)ရာစုမှတော့ ဆန်းသစ်တီထွင်မှုတွေနဲ့ခေတ်ရှေ့ပြေးလို့ နေပါပြီ။မျက်နှာပြင်ခပ်ကျယ်ကျယ်၊ ကင်မရာကောင်းကောင်း၊စမတ်ဖုန်းစွမ်းဆောင်ရည်ခပ်မြင့်မြင့်ကို လိုချင်တောင်းတ ကိုင်တွယ်လိုသူတွေ အတွက် (၂၁)ရာစုဆိုတာ စိတ်ကူးနဲ့စဉ်းစားလိုက်ရင်တောင် အဲ့လိုစမတ်ဖုန်းက သင့်လက်ထဲရောက်ရှိလို့နေပါပြီ။

Samsung Galaxy J7+ကတော့ စမတ်ဖုန်းမျက်နှာပြင်ကအနေတော်ဖြစ်သလို ကင်မရာစွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အလေးထား ဖန်တီးထားတာပါ။ အဲ့တာ က ဒီစမတ်ဖုန်းအတွက် ရင်ခုန်စေမိတဲ့ အချက်လေး တစ်ချက်ပါပဲ။ ကနေဦးခံစားမိမှာကတော့ လှပကျော့ရှင်းပြီး ပါးလွှာတဲ့ သတ္တုကိုယ်ထည်ဒီဇိုင်းနဲ့စမတ်ဖုန်းကို တီထွင်ဖန်တီးထားပါတယ်။ ကြည်လင်တောက်ပပြီးရုပ်ထွက်ကောင်းမွန်တဲ့ (၅.၅) လက်မအရွယ်အစားရှိ FHD sAMOLED မျက်နှာပြင်နဲ့အတူ 4GB RAM အရွယ်အစားရှိ Quad 2.3GHz+Quad 1.69GHz Processor ကိုထည့်သွင်းပေးထားပါတယ်။ ဖုန်းတွင်းမှတ်ဉာဏ် 32 GB ပါဝင်ပြီး micro SD card ထပ်မံထည့်သွင်းကာ 256GB အထိတိုးမြှင့်အသုံးပြုနိုင်မှာပါ။ဗာရှင်းအတွက် Android Nougat 7.1.1 ထည့်သွင်းထားပြီး ကြာရှည်စွာအသုံးပြုနိုင်ဖို့ရည်ရွယ်ပြီး 3,000 mAh ဘက်ထရီထောက်ပံပေးထားပါသေးတယ်။

ကင်မရာပိုင်းဆိုင်ရာ ထူးခြားချက်တစ်ခုအနေဖြင့် 13 MP နဲ့5 MP အရွယ်အစားရှိ နောက်ကင်မရာ ၂ လုံးတစ်ပြိုင်နက် ပါ၀င်ခြင်းက အရည်အသွေးမြင့်ပုံရိပ်တွေရယူရိုက်ကူးလိုသူတွေအတွက် များစွာကျေနပ်နှစ်သိမ့်နိုင်မယ့်အချက်ပါ။ရှေကဘက်ကင်မရာအတွက်လည်းမပူပါနဲ့ 5 MP အရွယ်အစားရှိ ရှေ့ကင်မရာပါဝင်တာ ကြောင့် Samsung ကနေ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေအနက် ထမဆုံးကင်မရာ ၃ လုံးပါဝင်အရည်သွေးအသွေးမြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကမိတ်ဆက်ခဲ့စဉ်ကတော့ အနက်ရောင်နဲ့ ရွှေရောင် အစရှိသဖြင့် အရောင်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မယ်လို့သိရပါတယ်။

Aung

Source: Internet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။