ဒီဖုန်းရဲ့အားသာချက်ကို သတိထားမိစေတာကတော့ တန်ဖိုးသင့်ပြီး ဖုန်းတစ်လုံးထဲမှာခံစားချက် နှစ်မျိုးကိုရရှိစေတာပါ။ ပိုမိုကြည်လင်တောက်ပတဲ့ ကြည့်ရှုမှုအတွေ့အကြုံအားရရှိခံစားစေဖို့ ၅.၅ လက်မအရွယ်အစားရှိ sAMOLED မျက်နှာပြင်ကို HD အရည်အသွေးနဲ့ အတူဖန်တီး ထုတ်လုပ်ထားပါတယ်။ ထို့အပြင် 2GB RAM နဲ့အရည်အသွေးမြှင့်တင်ထားတဲ့ 1.6GHz Octa Core processor ကိုထည့်သွင်းထားသည်။

ဖုန်းတွင်းမှတ်ဉာဏ် 16 GB ပါဝင်ပြီး microSD ကဒ်ထပ်မံထည့်သွင်းခြင်းအားဖြင့် 256 GB အထိတိုးမြှင့်နိုင်မည်ဖြစ်ပါတယ်။ဗားရှင်းအနေနဲ့Android Nougat ထည့်သွင်းထားပြီး 3,000 mAh ဘက်ထရီပါဝင်တာကြောင့်အချိန် ကြာရှည်စွာသုံးစွဲနိုင်မှာပါ။Galaxy J7 Core ရဲ့တမူထူးခြားတဲ့ Dual Messenger solutions လုပ်ဆောင်ချက်အသစ်ကိုလည်း မိတ်ဆက်ထည့်သွင်းပေးထားပါတယ်။အဆိုပါလုပ်ဆောင်ချက်ကတော့ သုံးစွဲသူတွေအနေနဲ့ လူမှုစာမျက်နှာအကောင့် (Social Media Account) ၂ ခုကို ဖုန်းတစ်လုံးထဲမှာလွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ 

ဖုန်းမှာပါရှိတဲ့ ကင်မရာကတော့ 13 MP အရည်အသွေးရှိ နောက်ကင်မရာ ၊ LED ၊ Screen Flash ပါဝင်တဲ့ 5 MP အရည်အသွေးရှိ ရှေ့ကင်မရာ၊ LTE Cat.6 ပံ့ပိုးမှုနဲ့အတူ အခြားလုပ်ဆောင်ချက်တွေလည်းထောက်ပံ့ပါ၀င်ပါတယ်။Galaxy J7 Core စမတ်ဖုန်းကိုအနက်ရောင်၊ ရွှေရောင်နဲ့ ငွေပြာရောင် ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။

Aung

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။