နှင်းဆီအဖွဲ့သားငါးယောက်နဲ့အတူ သရုပ်ဆောင် မင်းသမီးသစ် တို့ပါ၀င်လက်တွဲသရုပ်ဆောင်တဲ့ ROSE RIDER ရုပ်ရှင်ဇာတ်ကား နဲ့ပတ်သက်ပြီး ပရိသတ်ကြီးကတော့ ရင်ခုန်မျှော်လင့်စွာ စောင့်စားနေပါတယ်။ဒီဇာတ်ကားက ဆိုင်ကယ်တွေကိုအထူး အလေးပေးရိုက်နေပုံဖြစ်တယ်လို့ ကြားသိရပြီးပါ၀င်သရုပ်ဆောင်မယ့် နှင်းဆီအဖွဲ့သားများဖြစ်တဲ့ ထွန်းထွန်း၊ကျော်ကျော်ဗိုလ်၊နေတိုး၊ မင်းမော်ကွန်း၊ရဲလေး တို့ကလည်း ကိုယ်ခန္ဓာအပိုင်းအတွက် GYM ကစားခဲ့ကြကြောင်းသိရပါတယ်။

ဒီနေ့မှာတော့ ကျော်ကျော်ဗိုလ်က “ဒီနေ့ရူတင်အပြီး စိတ်လွတ်လက်လွတ်” ဆိုပြီး နှင်းဆီးအဖွဲ့သားတွေဖြစ်တဲ့ ထွန်းထွန်း၊ကျော်ကျော်ဗိုလ်၊နေတိုး၊ မင်းမော်ကွန်း၊ရဲလေးတို့ ပျော်ပျော်ပါးပါး ရေကူးခဲ့ကြပါတယ်။

မော်ဒယ်မြင့် သိန်း ၂၀၀ - ၃၀၀ တန်တဲ့ ဆိုင်ကယ်တွေလည်း သုံးသွားမယ့်ROSE RIDERS (နှင်းဆီစီးခြင်း) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရိုက်ကူးမှာ ဖြစ်ပြီး နေတိုး၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ရဲလေးတို့ အပြင် မင်းသမီး သရုပ်ဆောင်သစ် ယွန်းလေးဖြူအပြင် အခြားသော သရုပ်ဆောင်တွေ များစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။

Aung

Source: ကျော်ကျော်ဗိုလ်ဖေ့စ်ဘွတ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။