Tomahawk ဒုံးပျံဟာ တာဝေးပစ်ဒုံးပျံ အမျိုးအစားဖြစ်ပြီး ရာသီမရွေးပစ်ခတ်နိုင်တဲ့ ခရုစ်ဒုံးပျံ အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန်နိုင်ငံ တော်ဝင် ရေတပ် စစ်သဘောင်္တွေမှာ အသုံးပြုနေပါတယ်။ ရေငုပ်သဘောင်္မှနေပြီး ကုန်းပေါ်ကို လှမ်းပစ်ခတ်တဲ့ စစ်ဆင်ရေးတွေမှာလည်းအသုံးပြုနိုင်ပါတယ်။ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း McDonnell Douglas ကော်ပိုရေးရှင်း ဟာ Tomahawk ဒုံးပျံ တွေအဓိက ရောင်းချသူဖြစ်ခဲ့ပြီး Block II နဲ့ Block III Tomahawk ဒုံးပျံ အမျိုးအစားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Tomahawk ဒုံးပျံ တွေကို အမေရိကန်နိုင်ငံ Raytheon ကနေထုတ်လုပ်နေပါတယ်။

၂၀၀၆ခုနှစ်မှာတော့ အမေရိကန်ကာကွယ်ရေးဌာန ဟာ Tomahawk ဒုံးပျံ Block IV အမျိုးအစား ၁၄၉ စင်းကို ၀ယ်ယူခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂၀၂.၃ မီလီယံကုန်ကျခဲ့ပါတယ်။ Tomahawk ဆိုတဲ့နာမည်ဟာ Native Americans တွေအသုံးပြုတဲ့ လက်တစ်ဖက်တည်းကိုင်ဆောင်ရတဲ့ ပေါက်စိန်နာမည်ကို အစွဲ ပြုပြီး ဒုံးပျံ နာမည် ကိုမှည့်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။ Tomahawk ဒုံးပျံ တွေဟာ network နဲ့ ချိတ်ဆက်ပြီး စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်။ တိုက်လေယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ ဂြိုလ်တုတွေ၊ ခြေလျင်စစ်သည်တွေ၊ တင့်ကားတွေ၊ စစ်သဘောင်္တွေ ဆီမှ ရရှိတဲ့ သတင်းအချက်အလက်တွေ နဲ့ ရန်သူ့ပစ်မှတ်ကို တိတိကျကျ သိရှိနိုင်ပါတယ်။ Tomahawk Block III ကနေစပြီး ခေတ်မှီ ဂျီပီအက်စ် လမ်းညွှန်စနစ်တွေ တပ်ဆင်လာပါတယ်။ နောက်ဆုံးပေါ် Block IV အမျိုးအစား မှာတော့ ပစ်မှတ် ၁၅ခု ထိကြိုတင် ချိန်တွယ်နိုင်ပြီး ထိမှန်စေချင်တဲ့ ပစ်မှတ်ကို ပြောင်းလဲချိန်တွယ် နိုင်တဲ့ ပစ်မှတ်ထိန်းချုပ်ရေးစနစ်တွေပါ၀င်လာပါတယ်။ ထိမှန်တဲ့ ပစ်မှတ်ရဲ့ အခြေအနေတွေ၊ ဒုံးပျံ ရဲ့ အခြေအနေ တွေကို သိရှိနိုင်တဲ့စနစ်တွေလည်းပါ၀င်ပါတယ်။

Tomahawk ဒုံးပျံ တွေ ကို အမေရိကန်နိုင်ငံ အနေနဲ့ စစ်ဆင်ရေးပေါင်းများစွာ မှာ အသုံးပြုခဲ့ပါတယ်။ ထင်ရှားတဲ့ စစ်ဆင်ရေးတွေကတော့ ပယ်လယ်ကွေ့စစ်ပွဲ၊ ၁၉၉၈ခုနှစ် အယ်ကိုင်ဒါနှိမ်နှင်းရေးစစ်ဆင်ရေး၊၂၀၀၃ ခုနှစ်၊ အီရတ်စစ်ပွဲ၊ နဲ့ ၂၀၁၇ ခုနှစ် ဆီးရီးယားလေတပ် ကိုပစ်ခတ်တဲ့ စစ်ဆင်ရေးတို့ပါ၀င်ပါတယ်။ ပစ်မှတ်အလွန်တိကျပြီး၊ အလွန်ခိုင်ခံ့တဲ့ ပစ်မှတ်တွေကိုပါ ချေမှုန်းနိုင်တာကြောင့် အမေရိကန် ရဲ့ ဒုံးပျံ Tomahawk ဟာ အကောင်းဆုံးဒုံးပျံစာရင်းဝင်လျက်ရှိပါတယ်။

Source: Defence Blog, US Navy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။