ပတ္တယားကမ်းခြေကိုမှ အဆိုတော် Bobby soxer ရဲ့ ကမ်းခြေမှာအပန်းဖြေနေတဲ့ ပုံရိပ်တွေကို တင်ပြလိုက်ပါတယ်။ချစ်စရာကောင်းတဲ့ Bobby soxer ကတော့အဖြူရောင် ၀မ်းဆက်လေးနဲ့ အရမ်းချစ်ဖိုကောင်းနေပါတယ်။အပေါ်ပိုင်းက အဖြုရောင်အကျင်္ီလေးနဲ့ ဘောင်းဘီအဖြူလေးက သူမကိုပိုပြီး ချစ်စရာကောင်းနေပါတယ်။

ပတ္တယားကမ်းခြေဟာ အာရှမှာအလုံးဆုံးကမ်းခြေတစ်ခုလဲဖြစ်ပါတယ်။သူမကတော့ ထိုကမ်းခြေနဲ့အလှခြင်းပြိုင်နေပါတယ်။သူမဟာ အဆိုတော်လွမ်းပိုင်ရဲ့ချစ်သူဖြစ်ပြီး ကမ်းခြေကိုလွမ်းပိုင်နဲ့အတူသူငယ်ချင်းတွေအားလုံးရောက်ရှိနေတာပါ။

သူတို့ရဲ့သူငယ်ချင်းဖြစ်တဲ့ အာဘွိုင်းရဲ့မင်္ဂလာဆောင်အကြိုဓာတ်ပုံရိုက်နေခြင်းဖြစ်ပါတယ်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ pre wedding အတွက်ဓာတ်ပုံရိုက်ဖို့အတွက် သူငယ်ချင်းတွေကိုပါ အတူခေါ်လာတာဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Bobby Soxer ပုံလေးတွေကို ပရိသတ်ကြီးမျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ထက်ထက်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။