မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အင်တာမီလန်အသင်းက ဂျီနိုအာအသင်းကို ၁ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင်၃ မှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် အင်တာမီလန်အသင်းဟာ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ထိပ်ဆုံးက ဂျူဗင်တပ်အသင်း၊ နာပိုလီအသင်းတို့နဲ့ ၂ မှတ်အကွာရှိနေပြီး ဆက်လက်ဖိအားပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ အီကာဒီ၊ ပီရီဆစ်၊ ဘရိုဇိုဗစ်၊ ကန်ဒရီဗာ၊ အီဂလာဆီရက်၊ ဗီဆီနို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျီနိုအာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပယ်လီဂရီ၊ တာရက်ဘ်၊ အိုမီရိုဂါ၊ လာဆက်၊ ဗီလိုဆို၊ ကိုဖီရာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျီနိုအာအသင်းရဲ့ မာမာထန်ထန် တုံ့ပြန်မှုကြောင့် အင်တာမီလန်အသင်း ဂိုးရရှိဖို့ခက်ခဲနေခဲ့တာဖြစ်ပေမဲ့ အနိုင်ဂိုးကိုတော့ ရအောင်ယူနိုင်ခဲ့ပါတယ်။ 

အင်တာမီလန်အသင်းရဲ့ အဖွင့်ဂိုးတော့ ဒုတိယပိုင်း ၈၇ မိနစ်မှာ စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ အမ်ဘရိုစီရို က ခေါင်းတိုက်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၉၀+၁ မှာ အိုမီရိုဂါ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၉၀+၃ မိနစ်မှာ တာရက်ဘ် က တိုက်ရိုက် ထုတ်ပယ်ခံခဲ့ရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။