X-Factor ဟာ အခုလောလောဆယ်မှာတော့ ကြည့်ရှု့သူတွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းဆိုပြိုင်ပွဲဘဲဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိသလို အားပေးတဲ့ သူတွေလည်း မနည်းပါဘူး။ အရည်အချင်းရှိတဲ့သူတွေကို ဘဲ ဖြုတ်နေတယ်၊ မြတ်ပွင့်ဖြူကို ဘဲ Personal Attack လုပ်နေတယ် ဆိုပြီး ဝေဖန်တာခံနေရတဲ့ အိမ့်ချစ်ကို တရားဝင် တောင်းပန်ဖို့ အတွက် ဖေ့ဘွတ်ပေ့ချ်တစ်ခုကယခုလိုပြောထားပါတယ်။

'RIP X Factor Myanmar !!!!!

မနေ့က ကျွန်တော်တို့ Page မှာတင်ခဲ့တဲ့ ဒိုင်လူကြီးတစ်ယောက်ဆိုတာနဲ့ ပတ်သတ်ပြီး ယနေ့သေချာရှင်းလင်းဖော်ပြသွားပါမယ်။အဲ့ဒါကတော့ အများသိကြတဲ့အတိုင်း X Factor Myanmar မှ အသက်အငယ်ဆုံး ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ပါ။ကျွန်တော်တို့ အခုတင်မည့် Post ကလည်း ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ မအိမ့်ချစ်ကို Personal Attack လုပ်တာမဟုတ်ပဲ ပရိသတ်တစ်ယောက်အနေနဲ့ အမြင်တစ်ခုအဖြစ်ပြောပြထားပေးခြင်းပဲဖြစ်ပါတယ်။ခံလိုက်ရတဲ့ ကာယကံရှင်နဲ့လည်း အသိတွေမဟုတ်သလို အမျိုးတွေလည်းမဟုတ်ရပါဘူး။

ဒီစာကိုဖတ်ပြီးချိန်မှာ မအိမ့်ချစ်အနေနဲ့လည်း ကိုယ့်အတွက်ဆောင်ရန် ရှောင်ရန်တွေကို သိသွားမှာဖြစ်ပြီး ဆင်ခြင်နိုင်အောင် ပြောပြရခြင်းဖြစ်ပါတယ်။ပထမဆုံးတော့ မအိမ့်ချစ်ဆိုတာ ကျွန်တော်တို့လေးစား အားကျရတဲ့ အဆိုတော်တစ်ယောက်ပါလို့။ပြိုင်ပွဲမှာဒိုင်အားလုံးထဲလည်း သူ့ကို သဘောအကျဆုံးပါ။ အသက်အငယ်ဆုံး အတက်ကြွဆုံး ဒိုင်တစ်ဦးမို့ သူ့ကို အစကတည်းကအားပေးခဲ့ပေမဲ့ ဒိုင်အဖြစ်ပါဝင်တဲ့အခါမှ ပိုပြီးအားပေးဖြစ်ခဲ့ စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ဖြစ်ပုံက ပြီးခဲ့တဲ့အပတ်ကတည်းက စတာပါ Benedine ကို ကျော်ပြီး Girls On Fire ကို Save တဲ့အချိန်မှာ သူပြောခဲ့တဲ့ စကားအချို့့ကို ပရိသတ်တော်တော်များများက ဘဝင်မကျဖြစ်ခဲ့တာပါ။

မကောင်းတဲ့သူကို ဖြုတ်ရမှာပဲ မကောင်းရင် မကောင်းသလိုအိမ်ပြန်ရမှာပဲလို့ ပြောခဲ့ပြီး တကယ်တမ်း ဖြုတ်တဲ့အချိန်မှာ Benedine ကို ဖြုတ်လိုက်တဲ့အချိန်မှာ လူတွေအကုန်လုံး အံ့သြသွားကြတာပါတယ်။အဲ့အပတ်ကစ သူ့ရဲ့ စိတ်ရင်းအမှန် True Color က ဘာလည်းဆိုတာ သံသရာဖြစ်စရာ ဖြစ်ခဲ့ပါတယ်။သို့သော်လည်း သူဟာ ဟန်မဆောင်တက်ဘူး ငယ်လို့ပွင့်ပွင့်လင်းလင်းဖြစ်တာလို့သာ ထင်ခဲ့တာပါ။ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ သူ့စိတ်ရင်းအမှန် True Color ကဒါပါပဲဆိုတာကို သေသေချာချာကွင်းကွင်းကွက်ကွက် သိလိုက်ရတာပါပဲ။

မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း အရင်အပတ်က ဘယ်လောက်မကောင်းပြောပြော တကယ်တမ်းထွက်ရပြီဟေ့ဆို သနားတက်ကြတာ ဒါဟာထုံးစံပါ။အဲ့ဒီအချိန်မှာ မြတ်ပွင့်ဖြူကို အကုန်လုံးက ၀ိုင်းသနားကြပါတယ်။အကောင်းမြင်တဲ့ Comment တွေနဲ့ Cousin ထက်စာရင် Sing Off မှာ သူကပိုသာတယ်ဆိုတာတွေ ရေးလာကြပါတယ်။လူတွေက မြတ်ပွင့်ဖြူကို အကောင်းပြောနေတဲ့အချိန်မှာပဲ သူ့ရဲ့ မနာလိုစိတ်ခေါ်မလား မကောင်းတဲ့အတွင်းစိတ်ကပေါ်လာပါတယ်။အဲ့ဒါက စိတ်ထဲရှိရင် စိတ်ထဲသာထားသင့်တဲ့စိတ်ပါ ဒါပေမဲ့ ငယ်ရွယ်တဲ့ အိမ့်ချစ်အတွက် သူဟာမစဉ်းစားမဆင်ခြင်ပဲ Status တစ်ခု တင်လာပါတယ်။

အဲ့ဒီ Status ကိုနောက်ပိုင်းမှာ သူဟာ ဖြတ်ချခဲ့ပေမဲ့ သူ့အကောင့်ထဲက Friends တွေက Screen Shots တွေယူနိုင်ခဲ့လို့ လူအတော်များများက သိခဲ့့ပါတယ်။ရေးထားတာက

'' လူတွေလဲခက်တယ် အရင်အပတ်တွေကကျ သူ့ကိုဆဲလိုက်တာ ခုလည်းကျရော ချက်ချင်းကြီး ကောင်းသွားပြန်ရောသေချာနားထောင်ပါ အဆိုတော် တစ်ယောက်အသံမှ မပေါက်ပဲတို့ကတော့ရှင်းတယ် အစကတည်းကလည်း မကြိုက်ခဲ့ဘူးဘယ်သီချင်းဆိုဆိုကောင်းတယ်ဆိုတာမရှိခဲ့ဘူးVote တွေရနေတာလည်းမရိုးသားဘူးလို့ သိလိုက်ရတဲ့အတွက် ဖြုတ်တယ်ဒါပဲ ဒီနေ့ Result ကတော့ တွေဝေစရာကိုမရှိခဲ့တာ နှစ်ယောက်ယှဉ်လာရင် ပိုပြီးမကြိုက်တဲ့သူကို အိမ်ပြန်ပို့ရမှာပဲ''လို့ ရေးလိုက်ပါတယ်။ဒီ Status ကို သေချာဖတ်ကြည့်ပါ ဒီ Status ကိုမြင်ပြီး ဆွံ့အသွားမိတာ ကျနော်တို့ အက်မင်တွေတင်မကလောက်ပါဘူး လူအတော်များများ အံ့သြမိသွားမှာပါ။

ဟုတ်ကဲ့ပါ မြတ်ပွင့်ဖြူကို ပေါ်တင် Foul ထုလိုက်တာပါ။ အရမ်းခံစားတက်တဲ့လူဆို ဂီတခရီးကိုဆက်လှမ်းဖို့တောင် အားရှိတော့မှာမဟုတ်ပါဘူး။အဆိုးဆုံးက အရှက်ပါ။ ကိုယ်ကမှန်တာပြောလို့ ဂုဏ်ဆာနေပေမဲ့ တစ်ဖက်သားကို ဘယ်လောက်အထိ စိတ်ဆင်းရဲသွားစေမလဲ စဉ်းစားသင့်ခဲ့ပါတယ်။ဖြစ်သင့်တာက ကိုယ့်စိတ်ထဲ ဘယ်လောက်အထိ ဒီလို Dark Mind ရှိနေပေမဲ့ အပြင်ဖက်ကို ချပြတဲ့အခါ လုပ်သင့်တာက ပြုတ်သွားတဲ့သူကို နှစ်သိမ့်တဲ့အလုပ်ပါ။အခုသူလုပ်သွားတာက သူလုပ်ခဲ့တဲ့အလုပ်တစ်ခုက မှန်တယ်ထင်ပြီး ထင်ရာစိုင်းပြီး ကျန်တဲ့တစ်ဖက်သားကို မညှာမတာလုပ်လိုက်သလိုပါ။

ကိုယ့်စိတ်ထဲက မနာလိုမှုတွေ မကောင်းတဲ့စိတ်တွေ အပြစ်တွေကို ကာကွယ်ဖို့ သူတစ်ပါးကို ထိုးချတာနဲ့ တူနေပါတယ်။ကိုယ်က ပရိသတ်တစ်ယောက်ဆို ဒီလိုပြောလို့ရပါတယ်။ ဒါတောင် အဆိုတော်တစ်ယောက်အနေနဲ့ အသစ်တစ်ယောက် ပြိုင်ပွဲဝင်တစ်ယောက်ကို ဒီလိုတောင်မပြောသင့်ပါဘူး။Ethic ဆိုတာ ရှိသင့်ပါတယ်။ ပိုဆိုးတာက ကိုယ်က ဒီပြိုင်ပွဲကဒိုင်၊ ဒါဆို ပိုလို့တောင်သတိထားရမယ်၊ သူပြောသလိုပဲ အားလုံးက သားသမီး ညီအကိုမောင်နှမတွေပါ Backstage မှာ ဘယ်လိုဘာညာဆိုတာ အလကားလျှောက်ပြောနေတာကြီး ဖြစ်နေပါတယ်။

နောက်ထပ်တစ်ခုက ကိုယ့် Category ကလူမဟုတ်တိုင်း ကိုယ်ပြောချင်သလိုပြောလို့မရပါဘူး။သူ့ရဲ့ Mentor ဖြစ်တဲ့ ကိုဇဝါ့ရဲ့မျက်နှာကို တစ်ချက်ထောက်ရှုကြည့်သင့်ပါတယ်။အဆိုးဆုံးပြောလိုက်တာက ကိုယ့်ပြိုင်ပွဲက Finalist တစ်ယောက်ကို အဆိုတော်တစ်ယောက်အသံမှ မပေါက်ပဲလို့ပြောပါတယ်။ဒါဆို လက်ရှိအောင်မြင်နေတဲ့သူတွေထဲ အသံအရမ်းကောင်းလှချည်ရဲ့ဆိုတာတွေများ ဘယ်နယောက်ရှိလို့ပါလဲ။သူပြိုင်ပွဲတစ်လျှောက်ပြိုင်ခဲ့ရတဲ့ သီချင်းတွေကို မအိ်မ့်ချစ်အနေနဲ့ ပြန်ဆိုမယ်ဆိုရင်ရော အရမ်းကြီးကောင်းမှာလားဆိုတာ ပြောချင်ပါတယ်။

ကျွန်တော်ကတော့ မထင်ပါဘူး။ ဒီအတွက် သံသယလည်းဖြစ်စရာမရှိပါဘူး။ကိုယ်မကြိုက်ဘူးဆိုတာကို ဒီကလေးပြန်တွေ့မယ်ဆိုတာ သိရက်နဲ့ ရေးခဲ့တဲ့ သတ္တိကိုလည်း အံ့သြမိပါတယ်။မှန်တာရေးလို့ မှန်တာလုပ်လို့ အရာအားလုံးမှန်သွားမယ် အဆင်ပြေသွားမယ်ဆိုတာ မရှိပါဘူး။ဘုရားဟောသလို ခြောက်ခွန်းစကားမှာ အကျိုးလည်းရှိ မှန်လည်းမှန်ရမယ်ဆိုတဲ့ နှစ်ခွန်းကိုပဲပြောသင့်ပါတယ်။ကိုယ်မကြိုက်ရင် ကိုယ့်စိတ်ထဲပဲ ထားရမှာပါ။ ကာယကံရှင်ကိုလည်း ပြန်ထဲ့တွက်သင့်ပါတယ်။

နောက်တစ်ခုက Vote တွေရနေတာလည်းမရိုးသားဘူးလို့ ပြောပါတယ်။ပြန်ကြည့်လိုက်ရင် တစ်ဖြေးဖြေးသူ Personal Attack လုပ်တာတွေက တစ်ကြောင်းပြီးတစ်ကြောင်းပိုဆိုးလာတာ နောက်ဆုံးအကြောင်းမှာ တော်တော်ဆိုးသွားခဲ့ပါပြီ။ဒါကတော့လုံးဝမပြောသင့်တဲ့ Confidential ဖြစ်ရမဲ့ မပြောသင့်တဲ့ Vote ရတာ မရိုးသားဘူးဆိုတဲ့စကားပါ။ဘာသက်သေနဲ့ပြောလည်းဆိုတာမသိပါဘူး။ Vote နဲ့လုပ်နေတဲ့ ပြိုင်ပွဲမှာ ပြောရသလို ပရိသတ်များရင် သူငယ်ချင်းဆွေမျိုး သူ့ကိုချစ်တဲ့သူများရင် သူ Vote ပိုရမယ် ဒါထုံးစံပါ။ဒါပေမဲ့ အဲ့ဒီလူတွေက ဘယ်လောက်ပဲ ပေးနေ ပေးနေ တစ်နိုင်ငံလုုံးက Voters တွေရဲ့မဲကိုတော့ မကျော်နိုင်တာပါ။

အဲ့ဒီတော့ သူ့အတွက် အပတ်စဉ် Vote နေတဲ့ပရိသတ်ကို စော်ကားသလို မြတ်ပွင့်ဖြူကိုလည်း သူခိုးလို့ စွပ်စွဲနေတာနဲ့ တူနေပါတယ်။သူ့က အဲ့မှာတင်မရပ်နေပါဘူး နေရာတကာက comment တွေမှာလည်း သူမှန်ကြောင်း တစ်ထစ်ချယုံပြီး လိုက်ဖြေရှင်းတဲ့အခါမှာ ပိုဂွမ်းးးကုန်တော့တာပါပဲ။အဲ့ထဲမှာက ထူးခြားတာက သူရေးထားတာ သူ့အနေနဲ့ အစကတည်းက မြတ်ပွင့်ဖြူကို မကြိုက်တာဖြစ်တယ်ဆိုတာရယ်၊ ကိုဇဝါအနေနဲ့ Over ၆ယောက်ထဲကမှ ရွေးစရာမရှိလို့ သူ့ကိုရွေးရတာဆိုတာရယ်က နောက်ထပ်စော်ကားမှုတစ်ခုကိုထပ်လုပ်လိုက်တာပါပဲ။

'' အမကတော့ ပြတ်သားတယ် အမသူ့ကို အစကတည်းက မကြိုက်တာမို့ဖြုတ်တာ ကောင်းတဲ့သူတွေပြုတ်ပြုတ်သွားပြီး သူ(မြတ်ပွင့်ဖြူ)ကျန်ကျန်နေတာကို အမ မကြိုက်လို့ ပြတ်သားစွာ ဖြုတ်လိုက်တာပါ'' လို့ထပ်ရေးထားပါသေးတယ်။ပြောချင်တာက သူ့အနေနဲ့ ပါးစပ်စည်း လက်စည်းဆိုတာ ရှိပါတယ်။လူတစ်ယောက်ရဲ့တန်ဖိုးထဲမှာ စည်း ဆိုတဲ့အချက်လည်းပါပါတယ်။ဆရာမကြီးဒေါ်မြင့်မြင့်ခင်ပြောတဲ့အထဲမှာ လူ့တစ်ယောက်အတွက်အရေးအကြီးဆုံးက စည်း ပါတဲ့။

မှန်ပါတယ် စည်းဆိုတာကအရေးကြီးပါတယ် လောကနီတိသဘောအရ စောင့်စည်းအပ်တဲ့ အချက်တစ်ခုပါ။သူဟာ စည်းကို ဖောက်ဖြတ်ပြောတဲ့အတွက် မြတ်ပွင့်တင်မက Over ၆ယောက်ရော ကိုဇဝါကိုပါ ထပ်စော်ကားလိုက်ပြန်ပါတယ်။မှန်တာပြောရရင် ဒီလူတွေကလည်း သူကိုယ်တိုင်ပဲရွေးထားတာပါ။ အစကတည်းကမကြိုက်ရင် Audition ထဲကမရွေးပါနဲ့။ဆိုလိုချင်တာက ကိုယ်ကြိုက်လို့တင်ထားတဲ့လူတွေကို မျှမျှတတဖြစ်စေချင်ပါတယ် သူက ငါ့ Category ထဲကမို့ သူများက သူများ Category ထဲကမို့ ငါကြည့်မရဘူးဆိုတာ ဒိုင်တစ်ယောက်အနေနဲ့ မလုပ်သင့်ပါဘူး အတ္တမကြီးသင့်ပါဘူး။

နောက်တစ်ခုက Vote နဲ့လုပ်နေတဲ့ ပြိုင်ပွဲတစ်ခုမှာ Voting Result က မတရားဘူး ဘာညာ ပြောခွင့်မရှိပါဘူး။Vote နေတဲ့လူတွေက ကိုယ့်ထမင်းကိုယ်စား ကိုယ့်ပိုက်ဆံအကုန်အကျခံပြီး ကိုယ်ကြိုက်တဲ့သူတွေကို အားပေးနေတာပါ။ကိုယ့် Show အတွက် အလုပ်ပျက်ခံ အချိန်အကုန်ခံကြည့်နေပြီး ပိုက်ဆံအကုန်ခံ Vote နေတဲ့သူတွေကို မစော်ကားသင့်တာပါ။နောက်တစ်ခုက Professional မဆန်တာ လူကြီးလူကောင်းမဆန်တဲ့ ကိစ္စတစ်ခုပါ ဒါက ဘာလဲဆိုတော့ Voting Result တွေကို Public မှာလျှောက်ပြောနေတာပါ။

အမှန်ဆို ဒိုင်တွေအနေနဲ့ Voting Result ကိုသိစရာလည်းမလိုသလို ဘယ်သူကဖြင့်ဘယ်လောက်ရတယ် Top ဝင်တယ် ငါ့လူတွေကျ Bottom ကပ်နေတယ်ဆိုပြီး မကျေနပ်လို့ လျှောက်ပြီး ငဖွကြီးလုပ်နေလို့မရပါဘူး။တကယ် Vote ရချင်ရင် အလုပ်ကြိုးစားဖို့လည်းလိုပါတယ်။Rehearsal တွေကိုဖျက် ကိုယ့်အလုပ်ကိုယ်လုပ် (ကိုယ့်အလုပ်ဆိုလို့ ဒီ X Factor ကလည်း ကိုယ့်အလုပ်ဆိုတာ သိစေချင်ပါတယ်)

အဆိုးဆုံးက Live ပြနေတဲ့ Show ကနေ ထသွားပြီး ကိုယ့်လုပ်ချင်တာကိုယ်လုပ်လို့ အပြင်က Show ပွဲကိုသွားတာက အတော်ရုပ်ဆိုးပါတယ်။Producer တွေအနေနဲ့ သူ့ကိုဘာမှမပြောပဲ နေနိုင်တာကိုလည်း အံ့သြမိပါတယ်။နိုင်ငံခြားက X Factor မှာ လုပ်နေတာတွေအကုန်လုံးက ကမ္ဘာကျော်တွေပါ သူတို့တောင်ဒီလိုဘယ်တော့မှမလုပ်ပါဘူး။မှတ်မှတ်ရရ X Factor UK ၁၃နှစ်သက်တမ်းမှာ Louis အနေနဲ့ Boyzone က member တစ်ယောက်ဆုံးလို့ Ireland ကိုနာရေးသွားနေရလို့ တစ်ပတ်မပါနိုင်တာပဲတွေ့ဖူးပါတယ်။

အခုဆို သူဟာ ပွဲတစ်ပွဲရဲ့အဓိကအသက်ဖြစ်တဲ့ Confidential ဖြစ်တဲ့ လျှို့ဝှတ်အပ်တဲ့ Vote 1st 2nd 3rd ဆိုတာတွေကို Public တွေမှာ လျှောက်ပြောနေတာတွေက စိတ်ကုန်ဖို့ကောင်းပါတယ်။နောက်အဆိုးဆုံးက Vote သူခိုးလို့ စွပ်စွဲတာပါ။အမှန်ဆို Vote ပိတ်ခါနီးအချိန်က Vote ဖို့အကောင်းဆုံးအချိန်ပါ။ကိုယ်တွေဆိုလည်း သူသူကိုယ်ကိုယ် တစ်နေ့လုံးအလုပ်လုပ်နေလို့ ညကျမှ အနားယူမှ သတိရမိတဲ့သူတွေချည်းပါပဲ။

အဲ့တော့ သူပြောပုံအရဆို မြတ်ပွင့်ဖြူက Vote ကို လက်တစ်လုံးခြားခိုးယူသလိုလို၊ Computer Software တွေသုံးပြီး Vote တွေတက်အောင် လုပ်နေသလို (စကားအဖြစ်ပြောတာပါ ပိုက်ဆံ ၁၀၅ကျပ်မကုန်ပဲ ဘယ်Vote မှ ရောက်မသွားပါဘူး) ကိုယ့်စိတ်ထဲ ထင်တာတွေကို ကိုယ်လည်းသေချာမသိပါပဲ လူတွေအလည်လျှောက်ပြောတက်တာပါပဲ။စည်းလေးတော့ ထားသင့်ပါတယ်။ အခုက ပါးစပ်စည်း လက်စည်း ဘာစည်းမှမရှိသလို ခံစားရလို့ပါ။

ပရိသတ်ကမပေးပဲ အမျိုးဖြစ်ဖြစ် သူငယ်ချင်းကပဲဖြစ်ဖြစ် ပေးမှ ရတာပါ။Voteတွေတက်လာတာနဲ့ပတ်သတ်လို့ အဓိကတာဝန်ရှိတာ မြတ်ပွင့်ဖြူမဟုတ်ပါဘူး။သူတို့ Engieneer Team တွေရှိပါတယ်။ ပီးတော့ Vote Number ဆိုတာကလည်း Producer တွေလက်ခုတ်ထဲကရေပါ။ကိုယ်တွေက ဘယ်လောက်ပေးပေး သူတို့ဖြုတ်ချင်ရင် Bottom ထဲ ဆွဲထဲ့လို့ရပါတယ်။ဒီနည်းနဲ့ပဲ Vilian Aung Aung, Benendine, Myat Pwint Phyu တို့အားလုံး ထွက်ခဲ့ရတယ်ဆိုတာ အသိသာကြီးပါ။

နိုင်ငံတကာမှာလည်း ထိုနည်းတူပဲ သူတို့ဖြုတ်ချင်လို့ Bottom ထဲထဲ့တာပါ။ သူတို့ဖြုတ်ချင်သူနဲ့ Vote နည်းနေလို့ ရစေချင်တဲ့သူနဲ့ကို Bottom ထားတဲ့အခါ ပြုတ်စေချင်တဲ့သူလည်းြ့ပုတ်၊ ကျန်တဲ့သူတို့ Vote များစေချင်တဲ့သူတွေလည်း Vote များ၊ လူတွေကမသိပဲ အတင်းပိုက်ဆံကုန် Vote ကြပေတော့ပေါ့။ပြီးတဲ့အခါမှတော့ သူတို့လုပ်ချင်သလိုလုပ်တာပဲမို့ Vote လည်း ပိုက်ဆံကုန်ရုံကတစ်ခြား ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

နောက်ဆုံးတော့ သူလုပ်ခဲ့တဲ့ အဖြစ်ကြောင့် အညွန့်ကျိုးမှာက မြတ်ပွင့်ဖြူထက်စာရင် သူကယ်ခဲ့တဲ့ GOF တို့ Cousin တို့ပဲဖြစ်ပါလိမ့်မယ်။အခုဆို X Factor Page မှာ သူတို့ကို မုန်းတဲ့သူတွေ အတော်ပေါလာပါပြီ။ကလေးတွေက နေရင်းထိုင်ရင်း လူမုန်းခံနေရတာက အိမ့်ချစ်လိုမျိုး ဒိုင်တစ်ယောက်ကြောင့်ပါ။သူတို့တွေနဲ့ အပြိုင်ဖြုတ်ခံရတဲ့သူတွေက ပို Strong ဖြစ်တာကို ကြည့်တဲ့သူတိုင်းသိတဲ့အတွက်ကြောင့် သူတို့ကို ကယ်တင်ပေးနေတာက သူတို့ကို ပိုနစ်မွန်းအောင်လုပ်နေတာနဲ့ပိုတူပါတယ်။

နောက်တစ်ခုက ကိုယ့်အနေနဲ့ ပြိုင်ပွဲဝင်အားလုံးအပေါ်သာတူညီမျှစိတ်မထားနိုင်သရွေ့၊ ပြိုင်ပွဲဝင်တွေကို မုဒိတာမပွားနိုင်သရွေ့၊ ကိုယ့် Team ကိုယ့် Category ဆိုပြီး အတ္တကြီးနေသရွေ့၊ စိတ်ဓာတ်အဆင့်အတန်းမရင့်ကျက်သရွေ့ ဒိုင်မလုပ်ဖို့ အကြံပေးချင်တာပါ။နောက်ဆုံးတစ်ခုကတော့ မိမိမဆင်မခြင်လုပ်မိတဲ့ကိစ္စတစ်ခုအတွက် အရှက်ရသွားတဲ့ ပြိုင်ပွဲဝင် မြတ်ပွင့်ဖြူကို လူကြီးလူကောင်းပီပီသသ ပြန်တောင်းပန်ဖို့ပါ။သူခိုးလို့ စွပ်စွဲတာနဲ့တင် ကိုယ့်ပြိုင်ပွဲဝင်တစ်ယောက်ကို အဆိုတော်တစ်ယောက်ရဲ့ Quality မရှိဘူးလို့ ပြောတာနဲ့တင် True Artist တစ်ယောက်ရဲ့ Ethic ကို ချိုးဖောက်ပြီးခဲ့ပါပြီ။

အဲ့အတွက် နောက်တစ်ပတ် Live မှာ ပရိသတ်ကိုရော မြတ်ပွင့်ဖြူကိုရောကို ပြန်တောင်းပန်ခြင်းဖြင့် ကိုယ့်ကို ပရိသတ်ကပိုသနား နားလည်းပြီး ကိုယ့်ကြောင့်လူမုန်းခံနေရတဲ့ Girl Groups လေး နှစ်ခုကို အညွန့်ချိုးခံရမဲ့ ဘေးကနေ ဝေးစေမှာဖြစ်ပါတယ်။X Factor Fan တွေအနေနဲ့ ပိုချစ်လာကြပြီး မိမိကိုယ်ရော Show ကိုရော ပိုချစ်လာကြမှာဖြစ်လို့ ပြန်တောင်းပန်ဖို့ အကြံပေးပါရစေ။Simon Cowell လိုလူမျိုးတောင် ပြိုင်ပွဲဝင်တစ်ယောက်ကို ရက်ရက်စက်စက်ပြောမိခဲ့ရင် တစ်ဖက်ဒိုင် Mentor တစ်ယောက်ကိုပါ စော်ကားသလိုဖြစ်လို့ နောက်အပတ် Live မှာ တရားဝင် ပြန်တောင်းပန်တာတွေ ခဏခဏကြုံဖူးလို့ ကိုယ့်သိက္ခာ မာနဆိုတာတွေ ဘေးချိတ်လို့ ပြန်တောင်းပန်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

နောက်နောင် Admin Team အနေနဲ့ မအိမ့်ချစ် Categoryကလူတွေကို အထူးသဖြင့် Jasam Aung အတွက် တစ်ပတ်တစ်ပတ်် Vote ဖို့ပြောနေတာတွေ Vote ပေးနေတာတွေပါ ဆက်လုပ်သွားတော့မှာ မဟုတ်ပါဘူး။ပရိသတ်တွေရဲ့ အမြင်ပါ။သဘောမတူ လက်မခံတာတွေလည်း ရှိမှာပါ။

For the sake of the show, အခုလို လူမုန်းခံပြောပေးတာပါ။

Peace, Love ya all.

Thanks so so much.

Your Daily Music Feed Myanmar'

ထို့အပြင်ယခုလိုလဲ ဆက်ပြီးရေးခဲ့ပါသေးတယ်။'မပြောချင်ဘူး ဒါပေမဲ့ ပြောလိုက်ပြီ

အဖြစ်မှန်ကို မသိပဲ အားနည်းသူကို ရေနစ်တုန်းဝါးကူထိုးနေတဲ့ လူတွေကို ဘယ်လိုမှ ဆက်လက်သည်းမခံနိုင်တော့လို့ဖိနပ် Sponsor မရှိတဲ့ X Factor ရယ်ပြီးတော့ ရွာကလူတွေစုပြီး ပေးနေတဲ့ မဲသောင်းကျော်ဖိုးကို သူခိုးလို့စွပ်စွဲနေသူတွေ သိစေဖို့အဓိကက ကိုယ်တိုင်ဘာမှမသိပဲ ကိုယ်မကြိုက်တိုင်း Vote နည်းကို နည်းရမယ် အတင်းဖြစ်နေတဲ့ စိတ်ဓာတ်မြေကြီးပေါ်ကမတက်တဲ့ ဒိုင်မမသိစေဖို့ တင်ပေးလိုက်တယ်ရွာကလူတွေသိရင် ဘယ်လောက်ရင်နာမလဲဗျာသူ့ Category ကလူနှစ်ယောက်အတွက်ကျ တစ်ပတ် ဘယ်လောက်ဖိုးဆိုပြီး Vote ပေးတယ်

သူများကျတော့ ပရိသတ်ကပေးတဲ့ Vote ပဲရစေချင်တယ်တဲ့မရှိစု ရှိစု ပေးခဲ့တဲ့ ရိုးသားတဲ့ ကျေးရွာကလူတွေပေးတဲ့ မဲတွေကို သူခိုးမဲ လိမ်မဲညာမဲလို့ ပြောနေတဲ့သူတွေ ငရဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါလိမ့်မယ် :'( :'( :'(ဒါတွေက အရင် Post အောက်က ကွန်မန့်တွေပါEaint Chit အနေနဲ့ ပြန်တောင်းပန်ပါမြတ်ပွင့်ဖြူအတွက် Show အတွက် ပရိသတ်တွေအတွက် ရွာသားတွေအတွက် လူကြီးလူကောင်းပီပီ ပြန်တောင်းပန်ပေးပါ။'ဟူ၍ဖြစ်ပါတယ်။ အိမ့်ချစ်ရေ... ဘယ်လိုတုန့်ပြန်မလဲ...

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။